နေပြည်တော်၊ ဇန်နဝါရီ ၇
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ရပ်စောက် မြို့နယ်၊ ထမင်းပေါင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်ဂူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါကျေးရွာနေ ဦးချစ်ထွေး ပိုင်ဆိုင်သည့် နေအိမ်တွင် ငှားရမ်းနေထိုင်ပြီး အလုပ်လာရောက်လုပ်ကိုင်နေသူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ လက်ပံလှကျေးရွာနေ ဦးတင်ရွှေ(ခ)ဦးကာ(၅၂)နှစ်အား ထမင်းပေါင်းကျေးရွာ နေ ဦးအောင်မင်း(၅၆)နှစ်မှ နေအိမ်အတွင်းဝင်ရောက်၍ ထင်းခွဲရာတွင်အသုံးပြုသည့် ပုဆိန်ဖြင့် ခုတ် ခဲ့သောကြောင့် ဦးတင်ရွှေ(ခ)ဦးကာ တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း သိရှိရသည်။
ဦးအောင်မင်း အား ကျောက်ဂူနယ်မြေရဲစခန်း(ပ)၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ပုဆိန်ဖြင့် ခုတ်၍ လူသေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:25
Rating:
