ခရီးသည်ယာဉ် ကား နဲ့ ဆိုင်ကယ် တိုက်မှုဖြစ်ပွား ၂ ဦးသေဆုံး


၁၅.၁.၂၀၁၈

တနင်္သာရီမြို့နယ် ၊ သိန်ခွန်းကျေးရွာအုပ်စု ၊ ထုံခါးကျေးရွာ နဲ့ ချောင်းနောက်ပေါက်ကျေးရွာ အကြား ဇန်န၀ါရီလ ၁၅ ရက်နေ့ ညနေ (၀၄းဝဝ) အချိန်ခန့်က ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ဆိုင်ကယ်မောင်းသူနဲ့ အနောက်မှ လိုက်ပါစီးလာသူ နှစ်ဦးတို့ သည် အခင်းဖြစ်ပွားရာ နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည် ။


သေဆုံးသူနှစ်ဦးသည် တနင်္သာမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ်(၉)ကျေးရွာ (ဒေသအခေါ်) ဆီဘောချောင်း တွင် ဥယဉ်ခြံလုပ်ကိုင်နေသူ ဦးတင်ကို ဖြစ်ပြီး နောက်တစ်ဦးဖြစ်သူမှာ တနင်္သာရီမြို့နယ် ၊ မော်တုန်းကျေးရွာအုပ်စု ၊ ဥယာဉ်ကွင်းကျေးရွာ နေ ဦးဝင်းစိုး တို့ဖြစ်ကြကြောင်းသိရှိရပါသည် ။

အဆိုပါဖြစ်စဉ် နဲ့ ပတ်သက်၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးကျော်စွာဝင်း အား တနင်္သာရီမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

Aye Min Ko
Mingalar Bar Myeik
ခရီးသည်ယာဉ် ကား နဲ့ ဆိုင်ကယ် တိုက်မှုဖြစ်ပွား ၂ ဦးသေဆုံး ခရီးသည်ယာဉ် ကား နဲ့ ဆိုင်ကယ် တိုက်မှုဖြစ်ပွား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.