ဖားကန့်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်အတွင်း စွန့်ပစ်မြေစာပုံပြိုကျ၍ သေဆုံးသူ ၁၅ ဦးအထိရှိ


ဖားကန့် - ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံများ မကြာခနပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးမှုများ ဖြစ်ပွား လျက်ရှိရာ ဇန်နဝါရီ၁၀ရက် နံနက်၁၀နာရီခန့်က ဆိပ်မူကျေးရွာအုပ်စု နန့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမြေစာပုံအဟောင်း ပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကျောက်မျက်တူးဖော်ရေးကုမ္ပဏီအဟောင်းမှ စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေသူများ ကျောက်ရှာဖွေနေစဉ် အကျယ် ပေ ၂၀၀ ခန့် အမြင့်ပေ ၂၀၀ ခန့်ရှိသော မြေစာပုံပြိုကျခဲ့ခြင်းကြောင့် နန့်မှော်ကျေးရွာနေ မောင်နေလှိုင် ၁၆ နှစ်၊မောင်ခိုင်ဇော်ဦး ၂၀ နှစ် တို့နှစ်ဦးမှာ မြေစာပုံပိ၍ သေဆုံးခဲ့ပြီး ပြန်လည်တူးဖော်ရရှိကာ တာဝန်ရှိသူများမှ ကျန်ရှိသူများ(အရေအတွက်စီစစ်ဆဲ)အား ရတနာစန်းရွှင် ကုမ္ပဏီပိုင် VOLVO ဘက်ဟိုးယာဉ် ၅ စီးဖြင့် ဆက်လက်တူးဖော် ရှာဖွေနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြေစာပုံပြိုကျမှုများ မကြာခနဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၄ရက်နေ့ကမော်မောင်းဘွမ်ကျေးရွာ၊ဂျိတ်လင်းကျောက်မျက်တူးဖော်ရေးကုမ္ပဏီမြေစာပုံတွင် သေဆုံးသူ ၆ ဦး၊၆ ရက်နေ့က ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ၊အဂ္ဂရတနာကုမ္ပဏီမြေစာပုံတွင် ၅ ဦး၊၇ရက်နေ့က ရတနာမြေစာပုံကျေးရွာ ရတနာကြွယ်ဝသောမြေကုမ္ပဏီမြေစာပုံတွင် ၂ ဦး၊ယနေ့ ၁၀ ရက်နေ့တွင် နန့်မှော်ကျေးရွာ ရတနာစန်းရွှင် ကုမ္ပဏီ မြေစာပုံတွင် ၂ ဦး စုစုပေါင်း မြေစာပုံပိ၍သေဆုံးသူပေါင်း ဇန်နဝါရီလ ဝက်အတွင်း ၁၅ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်အတွင်း စွန့်ပစ်မြေစာပုံပြိုကျ၍ သေဆုံးသူ ၁၅ ဦးအထိရှိ ဖားကန့်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်အတွင်း စွန့်ပစ်မြေစာပုံပြိုကျ၍ သေဆုံးသူ ၁၅ ဦးအထိရှိ Reviewed by THITHTOOLWIN on 13:29 Rating: 5
Powered by Blogger.