(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ကုန်​စစ်​​ဆေး​ရေးကွင်းထဲ၌ တွဲကား​အောက်​ပိုင်းတွင်​ ချိန်​ဆွဲထား​သော ရမုမိုင်း(၁)လုံး​တွေ့ရှိ


မူဆယ်​ - ဇန်​န၀ါရီ ၁၄

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) မူဆယ်​ခရိုင်​ မူဆယ်​မြို့နယ်​(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ကုန်​စစ်​​ဆေး​ရေးကွင်းထဲ၌ဇန်​(၁၄)ရက်​ နံနက်​(၁၀) နာရီအချိန်​ခန့်​တွင်​ တွဲကားယာဉ်​​အောက်​ပိုင်း၌ချိတ်​ဆွဲထား​သော ရမုမိုင်း(၁)လုံး​တွေ့ရှိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ ယာဉ်​​မောင်းဦးမိုးဝင်းအသက်​(၃၂)နှစ်​ မှတ်​ပုံတင်​အမှတ်​ ၉/မတရ(နိုင်​)၁၃၈၆၇၀ကိုင်​​ဆောင်​ထားသူ၏​မောင်းနှင်​လာသည့်​ ယာဉ်​အမှတ်​ 7E/------ချင်းလုံးတွဲကားယာဉ်​သည်​ (၁၁.၁.၂၀၁၈)ရက်​​နေ့ ရန်​ကုန်​မှ ​ရွှေပြည်​သာဂို​ဒေါင်​တွင်​ဆန်​များတင်​ပြီး ထွက်​လာစဉ်​ ပိန်းဇလုတ်​တွင်​ ညအိပ်​ရပ်​နားခဲ့ပြီးည(၈း၃၀)နာရီအချိန်​ခန့်​ဆက်​လက်​ထွက်​ခွာခဲ့ပြီး ​နောက်​မန္တ​လေး -ဇူတာကားဂိတ်​တွင်​ညအိတ်​ခဲ့​ကြောင်း (၁၂.၁.၂၀၁၈)ရက်​​နေ့ ည​နေ(၄)နာရီအချိန်​တွင်​ ၄င်းဂိတ်​မှ ဆက်​ထွက်​ခဲ့ပြီး (၁၄.၁.၂၀၁၈)ရက်​​နေ့ နံနက်​(၂)နာရီတွင်​(၁၀၅)မိုင်​ ​အေးရှား​ဝေါးအနီးမူဆယ်​ဆီဆိုင်​ရှေ့ပြည်​​ထောင်​စုလမ်းမကြီး​ဘေး၌ညအိပ်​ရပ်​နားခဲ့ပြီးဇန်​(၁၄)ရက်​​နေ့ နံနက်​(၉း၄၅)နာရီအချိန်​ခန့်​တွင်​ ကုန်​စစ်​​ဆေး​ရေးကွင်းသို့ဝင်​​ရောက်​ပြီး ကုန်​များစစ်​​ဆေးရန်​ရပ်​တန့်​​နေစဉ်​ ယာဉ်​​​နောက်​လိုက်​ ကိုသန်းစီုးဖြစ်​သူမှ ယာဉ်​​အောက်​ပိုင်း ဂီယာ​ပေါက်​တွင်​ဆီများယိုထွက်​​နေသည်​ကိုကြည့်​ရူ့ခဲ့ရာမှတွဲ​ဒေါင့်​အနီး၌ အ၀တ်​စအိတ်​အဖြူဖြင့်​ ချိတ်​ဆွဲထား​သော အိတ်​အား​တွေ့ရှိခဲ့​သော​ကြောင့်​ယာဉ်​​မောင်းဖြစ် သူဦးမိုးဝင်းအား သတင်း​ပေးပို့ခဲ့သည်​။

၎င်းမှ တပ်​မ(၈၈)လက်​​အောက်​ခံရတခမရ(၄၁၅)မှ ဗိုလ်​မှူးသိန်းလိုင်​ဦးသို့ဆက်​လက်​သတင်း​ပေးပို့ခဲ့ပြီး၎င်းစစ်​​ကြောင်းအဖွဲ့နှင့်​အတူ(၁၀၅)မိုင်​ရဲကင်းအဖွဲ့များ၊ ကုန်​သွယ်​​ရေးဇုန်​အတွင်းလုံခြုံ​ရေးတာဝန် ထမ်း​ဆောင်​​နေ ​သော OSS မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့များ၊ မူဆယ်​သတင်းရဲတပ်​ဖွဲ့များ၊နမ်းခမ်းမြို့ မပြည်​သူ့စစ်​တပ်​ဖွဲ့များ ရပ်​မိရပ်​ဖများ အခင်းဖြစ်​ပွားရာ​နေရာသို့အချိန်​နှင့်​တ​ပြေးညီ​ရောက်​ရှိလာပြီ တွဲကား​အောက်​ပိုင်းတွင်​ချိတ်​ဆွဲထား​သော TNT အားမြှင့်​ယမ်း(၄)တုံး ဓာတ်​ခဲ(၅)လုံးပါရမုဆားကစ်​ပြား(၁)ခု ​ဘောစိ့ဘူး(၁)ဗူး လျှပ်​စစ်​စနှစ်​တံ(၁)​ချောင်း၊ လျှပ်​စစ်​၀ါယာကြိုးအမြှင်​(၈)လက် မ(၂)​ချောင်းတို့အား ​တွေ့ရှိခဲ့ပြီး​နောက်​အဆိုပါမိုင်​အားအဖွဲ့စုံဖြင့်​ ကြည့်​ရူ့စစ်​​ဆေးခဲ့ပြီး ခမရ(၄၁၅)တပ်​ရင်းမှဒုတပ်​ကြပ်​​အောင်​​အောင်​မှ ၄င်းမိုင်းအားသက်​မဲ့ပြုလုပ်​ခဲ့ပြီး (၁၀း၄၅)နာရီအချိန်​ခန့်​​အောင်​မြင်​စွာရှင်းလင်းဖယ်​ရှာ​ပေးခဲ့​ကြောင်းသိရသည်​။

သန့်​ဇင်​-မူဆယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
(၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ကုန်​စစ်​​ဆေး​ရေးကွင်းထဲ၌ တွဲကား​အောက်​ပိုင်းတွင်​ ချိန်​ဆွဲထား​သော ရမုမိုင်း(၁)လုံး​တွေ့ရှိ (၁၀၅)မိုင်​ကုန်​သွယ်​​ရေးဇုန်​ ကုန်​စစ်​​ဆေး​ရေးကွင်းထဲ၌ တွဲကား​အောက်​ပိုင်းတွင်​ ချိန်​ဆွဲထား​သော ရမုမိုင်း(၁)လုံး​တွေ့ရှိ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.