ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၀၆)အကျော် ထော်နွတ်ကျေးရွာမှာ ဇန်နဝါရီလ (၁၄)ရက် မနက် (၁၁)နာရီအချိန်က ကားတစ်စီးက လမ်းဖြတ်ကူးသူ ကလေးငယ်တစ်ဦးကို တိုက်မိခဲ့ကြောင်း ပိန်းဇလုပ်နယ်မြေရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ PROBOX ခဲရောင်မော်တော်ယာဉ်က လမ်းအရှေ့ဘက်ကနေ အနောက်ဘက်ကို လမ်းဖြတ်ကူးနေတဲ့ ပိန်းဇလုပ်မြို့ အနောက်ပိုင်းနေသူ အသက်(၅)နှစ် အရွယ် သူငယ်တန်းကျောင်းသူ ကလေးငယ်ကို တိုက်မိခဲ့ရာ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့ပါတယ်။
အဲဒီယာဉ်တိုက်မှုအတွက် ယာဉ်မောင်းကို ပိန်းဇလုပ်နယ်မြေရဲစခန်းက ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။ဒီသတင်းကို ကိုထွေး(ညောင်လေးပင်)ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး
Reviewed by THITHTOOLWIN
on
12:02
Rating:
