ပညာ​ရေးဝန်​ကြီးဌာန တာဝန်​ရှိသူများနှင့် ဆန္ဒပြ ဗကသ​ကျောင်းသားများ ​တွေ့ဆုံ​ဆွေး​နွေး


မန္တ​လေးမြို့ ရတနာပုံတက္ကသိုလ်​တွင်​ ဗမာနိုင်​ငံလုံးဆိုင်​ရာ ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား/ကျောင်းသူ ၅၀ ဦးခန့်က ပညာ​ရေးစရိတ်​တိုးမြင့်​​ပေး​ရေး ယ​နေ့(ဇန်​နဝါရီလ ၂၂ ရက်​​) နံနက်​ ၉ နာရီမှ စတင်ကာ ဆန္ဒပြတောင်းဆို​လျက်​ရှိရာ အဆိုပါဆန္ဒပြ​ကျောင်းသားများအား ပညာ​ရေးဝန်​ကြီးဌာန၊ အဆင့်​မြင့်​ပညာဦးစီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာသိန်းဝင်း၊ အ​ခြေခံပညာဦးစီးဌာန ဒုညွန်​ချုပ်​ ​ဒေါက်​တာအောင်​​အောင်​မင်းနှင့်​ရတနာပုံတက္ကသိုလ်​ ပါ​မောက္ခချုပ်​ ​​ဒေါက်​တာမောင်​​မောင်​နိုင်​ ဦး​ဆောင်​​သောအဖွဲ့က ယ​နေ့ညပိုင်းတွင်​ တွေ့ဆုံ​ဆွေး​နွေး​ကြ​ကြောင်း သတင်းရရှိသည်​။


အဆိုပါ ​တွေ့ဆုံ​ဆွေး​နွေးမှုမှာ ​ပြေလည်​မှုမရရှိ​သေးသည့်​အတွက်​ ဇန်​နဝါရီ ၂၃ ရက်​​နေ့တွင်​ ဆက်​လက်​​ဆွေး​နွေးကြမည်​ဖြစ်​​ကြောင်း သိရသည်​။

Naing Ye Wai
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

ပညာ​ရေးဝန်​ကြီးဌာန တာဝန်​ရှိသူများနှင့် ဆန္ဒပြ ဗကသ​ကျောင်းသားများ ​တွေ့ဆုံ​ဆွေး​နွေး ပညာ​ရေးဝန်​ကြီးဌာန တာဝန်​ရှိသူများနှင့် ဆန္ဒပြ ဗကသ​ကျောင်းသားများ ​တွေ့ဆုံ​ဆွေး​နွေး Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.