ရွှေသောင်ယံ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေ သောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ D&W စားသောက်ဆိုင်အနီး ကမ်းခြေတွင်၂၀၁၈ခု နှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ဒေသခံဦးဇေလတ်မှ ဝေလငါးအသေတစ်ကောင်အား တွေ့ရှိကြောင်း အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားသဖြင့် သိရှိရသည်။
အဆိုပါ ဝေလငါးအား ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဆန်းဝင်းနှင့် ဝန်ထမ်းများ၊ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးရဲကျော်သူ၊ ရွှေ သောင်ယံနယ်မြေရဲစခန်းမှ ဒုရဲအုပ်လှသိန်း ပါ(၃)ဦးမှသွားရောက်ကြည့်ရှုစစ်ဆေးရာ ဝေလငါးအထီးဖြစ်ပြီး၊ အရှည်(၂၀)ပေ၊ လုံး ပတ်(၉)ပေ၊ ဆူးတောင်(၂၅)လက်မ၊ အမြီး အရှည်(၄)လက်မ၊ ခန့်မှန်းပိသာချိန်(၁၅၀) ခန့်ရှိ ဝေလငါးကြီးတစ်ကောင်အားတွေ့ရှိခဲ့ သည်။
ယင်းဝေလငါးကြီးအား အမှတ်(၃)ရပ် ကွက်ရှိ မြေလွတ်နေရာတွင် မြှပ်နှံသွားမည် ဖြစ်ပြီးငါးလုပ်ငန်းဦးစီးဌာနမှ အရိုးရယူရန်စီ စဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကိုကိုမောင် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေသောင်ယံကမ်းခြေတွင် ဝေလငါးအသေ တစ်ကောင်တွေ့ရှိ
Reviewed by THITHTOOLWIN
on
21:40
Rating:
