![]() |
(Photo credit: Development Media Group, Facebook) |
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့် မရခဲ့တဲ့အတွက် မြို့ခံလူငယ်တွေ မနေ့ညက လမ်းလျှောက်ဆန္ဒပြခဲ့ရာကနေ လူစုလူဝေး ဖြစ်လာခဲ့ပြီး၊ မြောက်ဦးခရိုင် ရဲစခန်း ရှေ့အရောက်မှာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
ထိခိုက်ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံကိုပို့ဆောင်ခဲ့ရာမှာ ကိုထွန်းထွန်း အမည်ရှိ ဒေသခံတဦး သေဆုံး သွားတယ်လို့ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေ အခြေစိုက် Development Media Group အယ်ဒီတာ ဦးမိုးဇော်မြင့် က ပြောပါတယ်။
ဒီနေ့မနက် (၁) နာရီဝန်းကျင်မှာ လူစုကွဲသွားခဲ့တယ်လို့လဲ သိရပါတယ်။ အခင်းဖြစ်ပွား ခဲ့တဲ့နေရာမှာ စစ်ကား နှစ်စီးလည်းရောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးတဲ့နေ့အဖြစ် ကျင်းပမယ့် ဟောပြောပွဲကို အာဏာပိုင်တွေက အချိန်ကပ်ပြီးမှ တားမြစ်ခဲ့တာကြောင့်၊ လှည့်လည်ဆန္ဒပြခဲ့ကြရာကနေ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရဘက်က တစုံတရာ မကြေညာသေးပါဘူး။
RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ဦးမြို့ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ
Reviewed by THITHTOOLWIN
on
08:13
Rating:
