တိုက်ကြီးမြို့ မလေးရှားဝိုင်းကျေးရွာ အုပ်စု အုန်းနဲပင်ကျေးရွာမှာ ဇန်နဝါရီလ (၄) ရက်နေ့ ညနေ (၅) နာရီ အချိန်က အသက်(၃၆)နှစ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမူဖြစ်ပွား ဖြစ်ပွားကြောင်း တိုက်ကြီး မြို့ မ ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အသက်(၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တိုက်ကြီး - ဖူကြီးလမ်းဘေးရှိ အမြင့် (၁၀) ပေ ခန့်ကျွန်းပင်မှာ နွားချည် ပန်းရောင်ကြိုးနဲ့ ကြိုးဆွဲချ သေဆုံးနေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။
ကျွန်တော်တို့ကို သေဆုံးသူ အမဖြစ်သူက အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ သွားကြည့်တဲ့ အခါ လည်ပင်းကို ကြိုးဆွဲချသေဆုံးနေကာ ပုတ်ပွနေပြီး သက်ဆိုင်ရာ ရဲ ဌာနကို အကြောင်းကြား အသိပေးခဲ့တယ်လို့ မလေးရှားဝိုင်းကျေးရွာ အုပ်စုက စာရေး ဦးဇော်ဇော်နိုင်က ပြောပါတယ်။
တိုက်ကြီးမြို့ မရဲစခန်းက အဲဒီသေဆုံးမှုနဲ့ပတ်သက်ပြီး သေမှု သေခင်း အမှတ်စဉ် ၂/၂၀၁၈ နဲ့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် တိုက်ကြီး မြို့ ပြည်သူ့ဆေးရုံမှာ ဆေးစစ်ချက်တွေ ယူပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင် (တိုက်ကြီး) ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
တိုက်ကြီးမြို့တွင် အသက်(၃၀)ကျော်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမူဖြစ်ပွား
Reviewed by THITHTOOLWIN
on
12:08
Rating:
