သာသနာ့နယ်မြေ အသုံးပြုကာ ဘောလုံးချဲထီ ရောင်းနေသူတွေကို ဖမ်းဆီးရမိ


မုံရွာမြို့ အေးသာယာရပ်အတွင်းရှိ သာသနာ့နယ်မြေနဲ့ ဆောက်လက်စ သာသနာ့အဆောက်အဦးကိုအသုံးပြုကာ ဘောလုံးချဲထီရောင်းနေသူတစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းအကူ ရဲတပ်ဖွဲ နဲ့ မုံရွာမြို့ မြို့မရဲစခန်းတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၁၅) ရက် က ဖမ်းဆီးခဲ့ပါတယ် ။


 အေးသာယာရပ် သာသနာ့နယ်မြေကို အလွဲသုံးစား ဘောလုံးလောင်း ကစားရောင်းချနေသူဟာ နန္ဒဝန်ရပ်နေ ဦးဝင်အောင်ဖြစ်ပြီး အေးသာယာရပ်ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ ဆောက်လက်စကျောင်းဆောင်အတွင်း ဘောလုံးချဲထီလောင်းကစားတွေ ရောင်းချနေတာလို့ သိရပါတယ် ။ ဝင်ရောက်ဖမ်းဆီးစဉ်မှာ လောင်း ကစားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အတူ လောင်းကစားသူလို့ ယူဆရသူတွေကို ရဲအုပ်ကျော်နိုင်ဦးက တရားလိုပြုတိုင်တန်းခဲ့တာပါ ။

မုံရွာမြို့ မြို့မရဲစခန်း(ပ)၅၀/၂၀၁၈ လောင်းကစား ဥပဒေ ပုဒ်မ-၁၃(က)/၁၄(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ် လို့သိရပါတယ် ။

သတင်းထောက် ………. မျိုးဝင်းထွန်း (မုံရွာ)
5 PLUS NEWS
https://www.facebook.com/5plusnews
သာသနာ့နယ်မြေ အသုံးပြုကာ ဘောလုံးချဲထီ ရောင်းနေသူတွေကို ဖမ်းဆီးရမိ သာသနာ့နယ်မြေ အသုံးပြုကာ ဘောလုံးချဲထီ ရောင်းနေသူတွေကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.