တာချီလိတ်မြို့ မယ်ယန်းရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
တာချီလိတ်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာရှိ နေအိမ်မှာ ယနေ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ က အမျိုးသား (၁)ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ နံနက် (၈)နာရီ (၅၀)မိနစ်အချိန်ခန့်က ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာရှိ နေအိမ်မှာ အမျိုးသား (၁)ဦး ကြိုးဆွဲချသေဆုံးနေတယ်လို့ သတင်းအရ တာချီလိတ်မြို့မ ရဲစခန်း စခန်းမှူး ကြည်စိုး နဲ့ ရဲတပ်ဖွဲ့ဝင်များက သက်သေများနဲ့အတူ သွားရောက် စစ်ဆေးရာမှာ သေဆုံးသူမှာ မောင်နိုင် (ခ) ဘစ်စနူး ပရာဆပ် ဆိုသူဖြစ်ပြီး နံနက် (၅)နာရီအချိန့်က နေအိမ်အပေါ်ထပ်ကို တက်တဲ့ အမြင့် (၁၀)ပေခန့်ရှိ လှေကား လက်ရန်းတိုင်ကို ဝါယာကြိုးနဲ့ချည်နှောင်ကာ သေဆုံးသူရဲ့ လည်ပင်းကိုလည်း ချည်နှောင် ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယခုကို တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီပြီး ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ပေးထားကာ ဓမ္မတာအတိုင်း သေဆုံး ဟုတ်/မဟုတ် ကိုလည်း စစ်ဆေး အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်မြို့ မယ်ယန်းရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး  တာချီလိတ်မြို့ မယ်ယန်းရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.