ဖခင်ဖြစ်သူမှ လသား ကလေးအား ကိုင်ပေါက်သတ်မှု ဖြစ်ပွား


ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့ မှ ၃၁ မိုင်ကွာဝေးသည့် မန်ကောင်ကျေးရွာ အုပ်စု တုံခေး ကျေးရွာတွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက် ညနေ ၅ နာရီအချိန်က ဖခင်ဖြစ်သူ ဦးထွန်းကျန် မှ မိမိ၏ လသား ကလေးငယ်အား ရက်စက်စွာမြေကြီးနှင့် ကိုင်ပေါက်သတ်ပစ်မူ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လသားကလေးငယ်၏ ဖခင် ဦးထွန်းကျန် မှ ဇနီးဖြစ်သူဒေါ်အေးနန်း အား ကာမ / လိင် ဆက်ဆံခွင့် တောင်းဆိုရာ ဇနီးဖြစ်သူမှ ကလေးမွေးထားသည်မှာ မကြာသေးကြောင်း ကာမ ဆက်ဆံ၍ မရသေးကြောင်းပြောဆိုရာမှ အဆင်မပြေဖြစ်ပြီး မိခင်လက်ထဲမှ ကလေးငယ်အား အတင်းဆွဲယူ၍ ရွာမြောက်ဖက်ရှိ ချောင်းစပ်သို့ သွားကာ မြေကြီးနှင့် ကိုင်ပေါက်သတ်လိုက်ကြောင်း သိရပါသည်။

ထို့ပြင် အတင့်ပါလာသည့် ဓါး ဖြင့် ထပ်မံသတ်ဖြတ်ကြောင်း သိရှိရသည် ။

Myint Thein Lwin (fb)
by သစ်ထူးလွင်
ဖခင်ဖြစ်သူမှ လသား ကလေးအား ကိုင်ပေါက်သတ်မှု ဖြစ်ပွား ဖခင်ဖြစ်သူမှ လသား ကလေးအား ကိုင်ပေါက်သတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 01:25 Rating: 5
Powered by Blogger.