ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာတွင် ကူးတို့လှေတိမ်းမှောက်၍ ၃ ဦးသေဆုံး


ရခိုင်ဂေဇက်၊ ဇန်နဝါရီလ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာကျေးရွာအုပ်စု အင်ဒူပြင်ရွာမှ ကျောင်းသား/သူများ ငှက်ကြီးကျွန်းမူလွန်ကျောင်းမှ ကျောင်းဆင်းအပြန် လိုက်​ပါလာ​သော ကူးတို့စက်​​လှေသည်​ဇန်နဝါရီလ ၉ ရက် ညနေ ၄ နာရီကျော်ခန့်တွင် လှေတိမ်းမှောက်၍ လှေပေါ်ပါ ၁၂ နှစ်အရွယ် ကျောင်းသူနှစ်ဦးနှင့် ကုတို့လှေပိုင်ရှင်တို့သေဆုံးကြောင်း ငှက်ကြီးကျွန်းဥက္ကဌထံမှသိရသည်။

ဖြစ်စဉ်မှာ ၎င်းနေ့ညနေကျောင်းဆင်းချိန်တွင် အဆိုပါကျောင်းသားများသည် မိမိရွာမှစက်လှေအကြိုနောက်ကျ၍ ငှက်ကြီးကျွန်းလှေကုတို့ဖြင့်ဖြတ်ကူးကာ ရွာသို့ပြန်စဉ် တစ်ဖက်ကမ်းစပ်မရောက်မီပေနစ်ဆယ်ခန့်အကွာတွင် ဆွေးမြေ့နေသော လှေဝမ်းမှပျဉ်ပေါက်ကာနှစ်မြုပ်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

``မနေ့ကညနေက လှေမြှုပ်တာပါ။ လှေမြှုပ်ရာမှာ ကျောင်းသူနှစ်ဦးနဲ့ ကူးတို့​မောင်းသူ ၃ ဦးသေဆုံးသွားပါတယ်။ ကျောင်းသူတွေက အင်ဒူပြင်ကျေးရွာကနေ ကျောင်းလာတက်တက်ပါ ကျောင်းဆင်းအပြန် ရွာကလာကြိုတဲ့လှေ နောက်ကျကာကုတို့မှ ကူးရာကလှေပေါက်လို့ နှစ်မြှုပ်ခဲ့တာပါ"ဟု ငှက်ကြီးကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ဇံလှမှပြောသည်။

လှေပေါ်တွင် မူလွန်ကျောင်းသား/သူ တစ်ဆယ်ကျော်ခန့်ပါဝင်ကာ ထိုအထဲမှ ဆဌမတန်းကျောင်းသူ(အဖ)အောင်ဆန်းလင်း၏ သမီးမကျော့ဆန်းခင် နှင့် ပဉ္ဓမ တန်းကျောင်းသူ (အဖ)သန်းထွန်းဝင်း ရဲ့ သမီး ချိုးဝင်းဦး နှင့် ၆၅ နှစ်အရွယ် ကူးတို့သယ်တို့ ပါ လှေနှစ်သေဆုံးခဲ့သည်။

``အလောင်းတွေကတော ရပါပြီ။ အဲ့ဒီနေ့ ညနေ ၄ နာရီ ၄၀ ခန့်က ပထမဆုံး ကူးတို့သယ်ကို ရှာတွေ့တယ် ပြီးမှ ဆဌမတန်း ကျောင်းသူကိုတွေ့ပါတယ်။ ပဉ္စမတန်းကျောင်းသူကိုတော ညနေ ၈ နာရီခွဲခန့်မှ ရှာတွေ့ပါတယ်"ဟု ငှက်ကြီးကျွန်းဥက္ကဌမှဆက်ပြောသည်။

အလားတူ အဆိုပါမြို့နယ် ဂန့်ဂါကျေးရွာမှ တောဖျားချောင်းကို ကူးတို့ဖြင့် ဖြတ်ကူးကာ ပိုးရွှီပြင်ကျေးရွာတွင် လာရောက် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများလည်း ယင်းကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံကာ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ (ကျောင်းစဖွင့်သည့်နေ့) တွင် လူ ၂၀ခန့် သာ တင်ဆောင်နိုင်သည့် ကူးတို့လှေတွင် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတင်ဆောင်ခဲ့သဖြင့် ကူးတို့လှေ နစ်မြုပ်ကာ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူ ခြောက်ဦးအသက် ဆုံးရှုံးခဲ့ရမှုများရှိခဲ့သည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာတွင် ကူးတို့လှေတိမ်းမှောက်၍ ၃ ဦးသေဆုံး ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာတွင် ကူးတို့လှေတိမ်းမှောက်၍ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.