![]() |
ဓမ္မံရံသီဆုတောင်းပြည့်ဈေးဘုရားပွဲကြီး ဇာတ်စင်။ |
တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက် ပုဏ္ဏားကုန်းရပ်ရှိ ဓမ္မရံသီဆုတောင်းပြည့်ဈေးဘုရားပွဲတွင် ဇန်န၀ါရီလ ၉ ရက်နေ့ ယနေ့နံနက်(၁၂း၃၀)နာရီ အချိန်က လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၈)ရက်နေ့ ည(၉)နာရီအချိန်ခန့်က တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်နေ ဒေါ်ပပနိုင်(၃၆)နှစ်မှ တံတားဦးမြို့မရဲစခန်းအပိုင် နယ်မြေရဲစခန်း အမှတ်(၂) ရပ်ကွက် ပုဏ္ဏားကုန်းရပ် ဓမ္မရံသီဆုတောင်းပြည့်ဈေးဘုရားပွဲတွင် ကပြသည့်ဇာတ်ပွဲသို့ သားသမီးများနှင့် အတူ လမ်းလျှောက်လာရာ ဈေးဘုရားအရောက် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်နေ ဇင်ကို (၁၇)နှစ် ပါအမည်မသိလူငယ်(၅)ဦးခန့်မှ ချမ်းလင်းထွန်း အား မကျေနပ်ဘူး ငါ့မှာဓါးပါသည် ဟုပြောသံကြား၍ စိတ်ပူသဖြင့် ဇာတ်ပွဲအတွင်း ၄င်း၏မောင်ဖြစ်သူကို လိုက်လံရှာဖွေခဲ့ပါသည်။
ဒေါ်ပပနိုင်မှ ရှာဖွေနေစဉ် ည(၁၂)နာရီ ခန့်တွင် မောင်ဖြစ်သူ တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်နေ ချမ်းလင်းထွန်း (၁၈)နှစ် အားဓါးထိုးခံရပြီး ဆေးရုံရောက်နေကြောင်း ညီမဖြစ်သူ မနီနီနွယ်မှ ဖုန်းဖြင့်အကြောင်းကြား၍ သိရှိရသည်။
ဒေါ်ပပနိုင် ဆေးရုံသို့လိုက်သွားရာ ချမ်းလင်းထွန်း၏ ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နားထင်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသည်ကို တွေ့ရှိရသည်။
မောင်ဖြစ်သူ ချမ်းလင်းထွန်းအား သေစေအောင်ဓါးနှင့် ထိုးသွင်းသူ ဇင်ကိုပါ အမည်မသိ(၅)ဦးခန့်အား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်ပပနိုင်မှ တရာလိုပြုလုပ်တိုင်တန်းသဖြင့် တံတားဦးမြို့မရဲစခန်းက တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ရဲတင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဓမ္မရံသီဆုတောင်းပြည့် ဈေးဘုရားပွဲတွင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:46
Rating:
