ဆိုင်ကယ် ဘီးပေါက်ကာ ၀ါးကားတိုက်မိ၍ ၂ ဦးသေဆုံး

ဆိုင်ကယ်မှ ဘီးပေါက်၍ရပ်တန့်ထားသည့် ဝါးများတင်ဆောင်ထားသော(၆)ဘီးယာဉ်အား တိုက်မိ၍ နှစ်ဦးသေဆုံး
နေပြည်တော်၊ ဇန်နဝါရီ ၁၂

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ မြို့မဈေးမီးပွိုင့်အနီး ပျဉ်းမနား-တောင်ညိုကားလမ်း၌ ဆိုင်ကယ်မှ ဘီးပေါက်၍ရပ်တန့်ထားသည့် ဝါးများတင်ဆောင်ထားသော(၆)ဘီးယာဉ်အား တိုက်မိကာ နှစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

 ဆွာလမ်းဆုံမီးပွိုင့်ဘက်မှ သပြေကုန်း ဘက်သို့ ရွှေကြာပင်ရပ်ကွက်နေ အောင်သူ(၂၆)နှစ်မောင်းနှင်ပြီး ဇမ္ဗူသီရိမြို့နယ်နေ အာယု(၂၅)နှစ် လိုက်ပါလာသည့် ၄၃ယ/×××× ကန်ဘို-၁၁၀ ဆိုင်ကယ်သည် လားရာတူလမ်းယာဘက်ဘေးတွင် ဘီးပေါက်၍ ရပ်တန့်ထားသည့် ဝါးများတင်ဆောင်ထားသော (၆)ဘီးယာဉ်အား နောက်မှ ဝင်ရောက် တိုက်မိသဖြင့် အောင်သူနှင့် အာယုတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခြင်း ဖြစ်သည်။

ဆိုင်ကယ်မောင်းသူ အောင်သူအား အမှတ်(၃)နယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဆိုင်ကယ် ဘီးပေါက်ကာ ၀ါးကားတိုက်မိ၍ ၂ ဦးသေဆုံး ဆိုင်ကယ် ဘီးပေါက်ကာ ၀ါးကားတိုက်မိ၍ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.