ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ညောင်တုန်း-တာကွေ့ကားလမ်းမှာ ဇန်နဝါရီ(၁၀) ရက် ည (၈)နာရီခန့်က စက်ဘီးတွန်းပြီး လမ်းလျှောက်လာသူ(၂) ဦးကို ဆိုင်ကယ်ယာဉ်က နောက်ကနေ ၀င်တိုက်မိပြီး အမျိုးသား(၁)ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ စိန်ဘုရားစုကျေးရွာအနီး မိုင်တိုင်အမှတ် (၃) အနီး ညောင်တုန်းကနေ တာကွေ့ဘက်ကိုမောင်းနှင်လာတဲ့ Wave – 110 နီနက်ရောင်ဆိုင်ကယ်ဟာ ရှေ့လားရာတူက Softy ခဲရောင်(မ)စီး စက်ဘီးတွန်းလမ်းလျှောက်လာသူ အမျိုးသား(၂) ဦးကို အရှိန်မထိမ်းနိုင်ဘဲ နောက်ကနေ တိုက်မိခဲ့ပါတယ်။
ဆိုင်ကယ်မောင်းသူဟာ သမီးဖြစ်သူကို တင်ဆောင်မောင်းနှင်လာရင်း တိုက်မိခဲ့တာဖြစ်ပါတယ်။ ဆိုင်ကယ်မှာလဲကျသွားပြီး စက်ဘီးတွန်းလမ်းလျောက်လာသူအမျိုးသား(၁)ဦးမှာ ပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး (၁)ဦးကတော့ ဒဏ်ရာတွေနဲ့ ညောင်တုန်း ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်ယာဉ်မောင်းမှာလည်း ပြင်းထန်ဒဏ်ရာတွေရရှိပြီး ညောင်တုန်းဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကို တက်ရောက်ဆေးကုသမှုခံယူနေကာ ဆိုင်ကယ်နောက်ကထိုင်လိုက်တဲ့ သမီးဖြစ်သူကတော့ ဒဏ်ရာတွေနဲ့ ညောင်တုန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်ယာဉ်မဆင်မခြင်မောင်းနှင်သူကို ညောင်တုန်းမြို့မရဲစခန်းက ယာဉ် (ပ) ၃/၂၀၁၈၊ ပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝဠာနိုင်(ညောင်တုန်း) ကပေးပို့တာပါ။
Central News Bureau
https://www.facebook.com/skynetcnb
ဆိုင်ကယ်တိုက်မိရာမှ စက်ဘီးတွန်း လမ်းလျှောက်သူ (၁)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:18
Rating:
