အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၁ဦးသေ၊ ၅ဦး ဒဏ်ရာရရှိ


၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့် က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၃/၆-၇) ကြား၌ ဝင်းနိုင်၊ (၃၉)နှစ် မောင်းနှင်ပြီး ဦးစိန်မောင်၊ (၇၂)နှစ် ပါ ကျား ၄ဦးလိုက်ပါလာသော 3F/×××× Prado ယာဉ်သည် လားရာတူရှေ့မှ ငြိမ်းသူအောင်၊ (၂၄)နှစ် မောင်းနှင်ပြီး ကြံများ တင်ဆောင်ထားသော ၉ဌ/××××× Faw ယာဉ်နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သဖြင့် ၁ဦးသေ၊ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 ယာဉ်တိုက်မှု ကြောင့် Prado ယာဉ်ပေါ်ပါဦးစိန်မောင်တွင် နား/နှာခေါင်းသွေးထွက်၊ ရင်ဘတ်ညိုမဲ၊ ဝဲပေါင်ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

 Prado ယာဉ်မောင်း ဝင်းနိုင်ပါ ၃ဦးတွင် ဝဲပါးပေါက်ပြဲ၊ နဖူးချိုင့်ဝင်၊ ယာလက်မောင်းကျိုးဒဏ်ရာများ(စိုးရိမ်ရ)၊ ခင်မောင်ထွေး၊ (၃၀)နှစ် နှင့် Faw ယာဉ်မောင်း ငြိမ်းသူအောင်တို့ ၂ဦးတွင် ပေါက်ပြဲဖူးရောင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် စုစုပေါင်း ကျား ၆ဦး(သေဆုံး ၁၊ စိုးရိမ်ရ ၃၊ မစိုးရိမ်ရ ၂)တို့ဖြစ်ပြီး သေဆုံး/ဒဏ်ရာရရှိသူများအား အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။

 ဝင်းနိုင်နှင့် ငြိမ်းသူအောင်တို့၂ဦး(ဖမ်းမိ)အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

သစ်ထူးလွင်
အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၁ဦးသေ၊ ၅ဦး ဒဏ်ရာရရှိ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၁ဦးသေ၊ ၅ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.