![]() |
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thyei Kha/ RFA |
ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်ပေးဖို့ ပဲခူးမြို့ခံ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သတင်းမီဒီယာသမားတွေက သွားရောက် မေးမြန်းရာမှာ ဦးဝင်းသိန်း က ပြောလိုက်တာ ဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးမရှိတာ၊ မြေယာပြဿနာတွေ မဖြေရှင်းနိုင်တာ၊ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု မရှိတာတွေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို မဆောင်ရွက်နိုင်တဲ့ အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ လူအင်အား ၈၀၀ ပါဝင်မယ်လို့ ခွင့်ပြုချက်တင်ထားပေမယ့် လူဦးရေ ၁၀၀ ကျော်ပဲ ပါဝင်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် နုတ်ထွက်ရေးအတွက် ဆန္ဒပြတောင်းဆိုတာဟာ ပဲခူးတိုင်းအတွင်း ၃ ကြိမ် လောက်ရှိနေပြီ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ NLD ပါတီဝင်တွေ ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပြီး အဲဒီဆန္ဒပြပွဲဟာ မြို့နယ် NLD ပါတီတာဝန်ရှိသူတွေရဲ့ သဘောထားမဟုတ်ကြောင်း ပါတီဝင်တွေ မပါဝင်ဖို့ သတိပေးတားမြစ်စာ ထုတ်ပြန်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဝန်ကြီးချုပ်ကို ဆန္ဒပြသူတွေဟာ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်ကို နားမလည်သူတွေလို့ ဦးဝင်းသိန်း ပြော
Reviewed by THITHTOOLWIN
on
19:07
Rating:
