ရန်ကုန်၊ ဇန်န၀ါရီ ၈
ဇန်န၀ါရီ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်၊ နီလာ လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး၊ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၇)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။
Yangon Police
https://www.facebook.com/yangonpolice/
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်
Reviewed by THITHTOOLWIN
on
10:47
Rating:
