အလုံမြို့နယ်တွင် နေအိမ်တိုက်ခန်းပေါ်မှ ခုန်ချမှုဖြစ်ပွား
ဇန်နဝါရီ ၁ဝ ရက်၊ နံနက် ၅ နာရီချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်း ရပ်ကွက်၊ စက်တွင်းလမ်း၊ အမှတ် ၅၃၊ ၅လွှာနေ မောင်အေးမင်းဟန်၊ ၂၇ နှစ်၊ စည်ပင်နေ့စားဝန်ထမ်းသည် ရည်းစားနှင့်စကားများပြီး၊ နေအိမ်တိုက်ခန်းပေါ်မှ နောက်ဖေးလမ်းကြား အတွင်း ခုန်ချခဲ့ကြောင်း သိရပါသည်။
အဆိုပါခုန်ချသူမှာ ဦးခေါင်း (ဝဲ)ဘက်ခြမ်း ချိုင့်ဝင်ကြေမွဒဏ်ရာ ၊ (ဝဲ/ယာ) ခြေကျင်းဝတ်နှင့် ပေါင် တို့တွင် (စုတ်ပြဲ) ပွန်းခြစ်ဒဏ်ရာ၊ ဝဲခါးစောင်း ပေါက်ပြဲဒဏ်ရာများရရှိပြီး သေဆုံးသွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရာ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ PR 046 ဖြင့် လက်ခံထားရှိပြီးအမှုအား အလုံမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုတင်မောင်ဦး (အလုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရည်းစားနှင့်စကားများပြီး၊ နေအိမ်တိုက်ခန်းပေါ်မှ ခုန်ချ သေဆုံး
Reviewed by THITHTOOLWIN
on
19:45
Rating:
