အမေရိကန်အတွက် ကင်ရဲ့နှစ်သစ်ကူး နျူကလီးယားသတိပေးချက် ထွက်ပေါ်


ဆိုးလ် ၁ ဇန်န၀ါရီ

အမေရိကန်တစ်နိုင်ငံလုံးဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပစ်ကွင်းအတွင်းမှာရှိနေပြီး နျူကလီးယားခလုတ်တစ်ချက် နှိပ်လိုက်ရုံပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံပိုင်ရုပ်သံမှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဆိုရင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့တစ်နှစ်တာကာလလုံး နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာဖို့ သမိုင်းဝင်ဖော်ဆောင်မှုတွေ လုပ်လာခဲ့တာ အဟန့်အတားတွေကို အောင်မြင်ခဲ့တယ်လို့ကင်က ပြောခဲ့ပါတယ်။ လာမယ့်လအတွင်း တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကိုလည်း ကင်က ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။

ဆောင်းရာသီပွဲတော်မှာ သူ့ရဲ့နိုင်ငံလည်းပါဝင်ဆင်နွှဲခွင့်ရသင့်တယ်လို့ ကင်ကပြောခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံလုံးရဲ့ အာဏာပိုင်တွေဟာ မကြာခင်မှာ ယင်းကိစ္စကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။ ပြုံချမ်းအိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားနိုင်ငံပါဝင်လာမှုဟာ လုံခြုံစိတ်ချဖွယ်ရာရှိတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကတော့ ပြောကြားထားတာရှိပါတယ်။

ပြီးခဲ့တဲ့လအတွင်းက အားကစားပွဲပြီးသွားရင် စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတာလို့ မြောက်ကိုရီးယားဘက် က ရှုတ်ချပြောဆိုမှုကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။ မွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကင်ဂျုံအန်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ပြန်လည်ဆန်းစစ်နေဆဲပဲလို့ ဆိုပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အမေရိကန်အတွက် ကင်ရဲ့နှစ်သစ်ကူး နျူကလီးယားသတိပေးချက် ထွက်ပေါ် အမေရိကန်အတွက် ကင်ရဲ့နှစ်သစ်ကူး နျူကလီးယားသတိပေးချက် ထွက်ပေါ် Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.