![]() |
ကာ့ဒ်တွေ လွှမ်းမိုးတဲ့ ဆီးယားရီး ဒီမိုကရက်တစ်တပ် |
အဲဒီဒေသမှာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ တပ်ဖွဲ့ဝင် ၃ သောင်း အင်အားရှိတဲ့ ကာ့ဒ်လက်နက်ကိုင် တပ်အသစ်တစ်ခု ထူထောင်မယ့် စီမံကိန်းကို တူရကီက အပြင်းအထန် ဝေဖန် နေပါတယ်။
အမေရိကန်က ဖွဲ့စည်းပေးမယ် ဆိုတဲ့ ကာ့ဒ်တပ်ဖွဲ့မှာ တူရကီက အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ထားတဲ့ ကာ့ဒ်လက်နက်ကိုင်တွေ ပါဝင်လာမှာကို တူရကီ သမ္မတ အာဒိုအန်က အကြီးအကျယ် ဝေဖန် နေပါတယ်။
![]() |
လည်မျိုညှစ် သတ်မယ် ဆိုပြီး တူရကီသမ္မတ ကြိမ်းမောင်း |
ဆီးရီးယား မြောက်ပိုင်းက ကာ့ဒ်ထိန်းချုပ်နယ် အက်ဖရင်မှာ တူရကီက စစ်ရေး လုပ်ဆောင်ချက်တွေ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ သမ္မတ အာဒိုအန်က အတည်ပြု ပြောဆိုပါတယ်။
![]() |
ရက္ကာကို IS တွေလက်ထဲက ပြန်သိမ်းတဲ့ SDF တပ် |
ကာ့ဒ်တပ်ဖွဲ့ ထူထောင်ပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ဟာ ဆီးရီးယားပို နှစ်ခြမ်းကွဲသွား စေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က သတိပေး ပြောဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကာ့တပ်ဖွဲ့သစ် ပေါ်လာမှာကို တူရကီ ပြင်းပြင်းထန်ထန် ဆန့်ကျင်
Reviewed by THITHTOOLWIN
on
10:39
Rating:
