ကာမစိတ်ကြွဆေး ကျပ်သိန်း(၄ဝဝ)ကျော် တန်းဘိုး ဖမ်းမိ

ထိုင်းနိုင်ငံသားတစ်ဦး သယ်ဆောင်လာသော မြန်မာငွေ ကျပ်သိန်း(၄ဝဝ)ကျော် တန်ဘိုးရှိ ကာမစိတ်ကြွဆေးများ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားတွင်တာဝန်ရှိသူများမှ ဖမ်းဆီးရမိ
မြဝတီ၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မြန်မာ ဘက်ခြမ်းသို့ထိုင်းနိုင်ငံမှကားဖြင့် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ၄င်းကားပေါ်၌ တင်ဆောင်လာသည့် မြန်မာငွေကျပ်သိန်း (၄ဝဝ)ကျော်တန်ဘိုးရှိ ကာမစိတ်ကြွဆေးများနှင့်အတူ ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းမှ တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၁)ရက်နေ့ နေ့လည်(၀၁း၀၀)နာရီက မြဝတီ မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးမျိုးဇော်၊ရှေ့တန်း အမှတ်(၂၈၃)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး သန့်ဇင်ဝင်းနှင့်စစ်သည်များ၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှရဲအုပ်မျိုးကျော်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြ၀တီမြို့မ ရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြဝတီမြို့သို့ဝင်ရောက်လာသောမော်တော် ယာဉ်များအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေစဉ် ထိုင်းနိုင်ငံသား Mr.Phop Peng So Ri Ya အသက်(၃၅)နှစ်မောင်း နှင်လာသည့် ထိုင်းလိုင်စင် ယာဉ်အမှတ် ------ အား ပူးပေါင်းအဖွဲ့မှစစ်ဆေးရာ ယာဉ်၏နောက်ခန်း ဘောက်အတွင်းမှ (က)Vigore(Sildenafil)100 mg (1 x4)TAB=(၂ဝ၄ဝ)ဗူး၊ ကာလတန်ဘိုး ၉၆၅၉၄၀၊ကျပ်၊ (ခ) Apcalis Oraj Jelly 20mg (1x7 Sachet)=(၂၈ဝ)ဗူး၊ကာလတန် ဘိုး၊(၁၃၂၃၀၀)ကျပ်၊
(ဂ)Kamagra Jelly(Sildenafil)100 mg(Vol-1)(1x7Sachet)=(၅၉ဝဝ)ဗူး ကာလတန်ဘိုး(၁၅၆၁၁၄ဝဝ)ကျပ်၊ (ဃ)Kamagra Jelly(Sildenafil) Orange 100mg(1x7 Sachet) (၇၄ဝဝ)ဗူး၊ကာလတန်ဘိုး(၁၅၃၈၄၆၀၀) ကျပ်၊ (င)Kamagra Jelly(Sildenafil) Stawberry 100mg(1x7 Sachet) (၄၄ဝဝ)ဗူး၊ကာလတန်ဘိုး(၉၁၄၇၆ဝဝ) ကျပ်၊ (စ)Stud-5000(1x1 Nos)(၃၅၀)ဗူး ကာလတန်ဘိုး(၇၂၇၆၅၀)ကျပ်၊ (ဆ)Vigore Jelly(Sildenafil)100mg (1x5 Sachet)-Free(၃၅ဝ)ဗူး၊ကာလ တန်ဘိုး(၆ဝ၄၈ဝဝ)ကျပ်၊စုစုပေါင်း တန်ဘိုး(၄၂၅၇၄၂၉ဝ)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၎င်းပစ္စည်း များသယ်ဆောင်လာသည့်ထိုင်းနိုင်ငံသား အားစစ်မေးရာ အမည်မသိထိုင်းနိုင်ငံသားတစ်ဦးမှကားခဘတ်ငွေ(၇ဝဝဝ)ဘတ်၊မြန်မာငွေတန်ဘိုး(၂၈၀၀၀၀ိ/-)ကျပ်ပေးပြီး မြဝတီမြို့သို့သယ်ခိုင်းသည့်အတွက် ထိုင်းနိုင်ငံဘန်ကာက်မြို့မှမဲဆောက်သို့သယ်ဆောင်လာပြီး၊ ဇန်နဝါရီ (၁၀)ရက် ညနေပိုင်းတွင်ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီ(၁၁)ရက်နေ့တွင် ထိုင်း၊မြန်မာ ချစ်ကြည်ရေးတံတားအားဖြတ်သန်းစဉ် တာဝန်ရှိသူများ၏ စစ်ဆေးဖမ်းဆီးမှုကိုခံရခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရသည်။

သို့ဖြစ်၍ကာမစိတ်ကြွဆေးများ တရားမ၀င်သယ်ဆောင်လာသည့် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်နေထိုင်သူ ထိုင်းနိုင်ငံသား Mr.Phop Peng So Ri Ya (၃၅)နှစ်၊ ထိုင်းနိုင်ငံသားစိစစ်ရေးကဒ်အမှတ် -330090079 4129 အားဥပဒေအရအရေးယူပေးပါရန် မြ၀တီမြို့နယ်အကောက် ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး မျိုးဇော် မှတရားလိုပြုလုပ်တိုင် တန်းသဖြင့် မြဝတီမြို့မရဲစခန်းမှအမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကာမစိတ်ကြွဆေး ကျပ်သိန်း(၄ဝဝ)ကျော် တန်းဘိုး ဖမ်းမိ ကာမစိတ်ကြွဆေး ကျပ်သိန်း(၄ဝဝ)ကျော် တန်းဘိုး ဖမ်းမိ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.