ကူဝိတ်ကို အိမ်ဖော်စေလွှတ်မှု ပိတ်ပင်ဖို့ ဖိလစ်ပိုင်သမ္မတ စဉ်းစားနေ

(ဖိလစ်ပိုင်သမ္မတ ဒူတာတေ ကို တွေ့ရစဉ်) Photo: Rodrigo Duterte - facebook
ကူဝိတ်နိုင်ငံကို ဖိလစ်ပိုင်အလုပ်သမားတွေ စေလွှတ်နေတာကို ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေက ပြောကြားလိုက်ပါတယ်။

ကူဝိတ်မှာ ဖိလစ်ပိုင်အိမ်ဖော်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ညဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ပြီးခဲ့တဲ့လတွေအတွင်း သေကြောင်းကြံစည်မှုတွေ အတော်မျာများရှိလာခဲ့တဲ့အတွက် အခုလို လုပ်သားစေလွှတ်မှုတွေ ရပ်နားဖို့ စဉ်းစားနေတာလို့ ဆိုပါတယ်။
ဖိလစ်ပိုင်အိမ်ဖော်တွေရဲ့ လိင်စော်ကားခံရမှုဖြစ်ရပ်တွေ အတော်များများကို သိရှိထားပြီး၊ အဲဒီကိစ္စကို ကူဝိတ်အစိုးရကို အလေးထားပြောဆိုဖို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့ သမ္မတ ဒူတာတေက ပြောပါတယ်။

ဒီကိစ္စတွေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တော့ဘူးဆိုတာ ပြောဆိုဖို့ လိုအပ်နေပြီး၊ လုပ်သားစေလွှတ်မှုကို လုံးဝပိတ်ပင်သွားမလား၊ ပြုပြင်မလားဆိုတာ ဆုံးဖြတ်သွားရလိမ့်မယ်လို့ သူက ပြောပါတယ်။

ကူဝိတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အလုပ်သမား ၂ သိန်းခွဲလောက်ရှိပြီး အများစုဟာ အိမ်ဖော်အလုပ်သမားတွေလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကူဝိတ်ကို အိမ်ဖော်စေလွှတ်မှု ပိတ်ပင်ဖို့ ဖိလစ်ပိုင်သမ္မတ စဉ်းစားနေ ကူဝိတ်ကို အိမ်ဖော်စေလွှတ်မှု ပိတ်ပင်ဖို့ ဖိလစ်ပိုင်သမ္မတ စဉ်းစားနေ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.