အမေရိကတိုက် အရှေ့ပိုင်း ဒေသတွေ နဲ့ ကနေဒါ နိုင်ငံတို့ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲက မုန်တိုင်းကြီး နဲ့ မြောက်ပိုင်း အာတိတ်ဝင်ရိုးစွန်းက ဆင်းလာတဲ့ ဆောင်းလေတိုက်ခိုက်မှုတို့ ကြောင့် မကြုံစဖူး အအေးဒဏ်ကိုခံနေကြရပါတယ်။
ဆီးနှင်းတွေ ထူထပ်ပြီး ရေခဲမှတ်အောက် ၁၄-၅ ဒီဂရီအထိ အအေးဓါတ် ကျရောက်နေတဲ့အတွက် လူ ၂၀ လောက် သေဆုံးပြီး လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရပါတယ်။
ကြာသပတေးနေ့က ဆီးနှင်းတွေကြောင့် လေယာဉ် ခရီးစဉ်တွေ ဖျက်ခဲ့ရပြီး လေဆိပ်တွေမှာ သောင်တင်နေတဲ့ ခရီးသည် ထောင်ပေါင်းများစွာကို ရှင်းမပေးနိုင်ခင် နောက်ထပ် သွားလာဖို့ လက်မှတ်ဝယ်ထားသူတွေပါ အခက်ကြုံနေကြရပါတယ်။
တချို့ ပြည်ပလေကြောင်းခရီးစဉ်တွေလဲ အမေရိကန် လေဆိပ်တွေ မရှင်းနိုင်သေးလို့ ခရီးတဝက်က ပြန်လှည့်ကြရတယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
နှင်းမုန်တိုင်းကြောင့် အမေရိက အရှေ့ပိုင်း လေကြောင်းသွားလာမှုထိခိုက်
Reviewed by THITHTOOLWIN
on
06:58
Rating:
