ဇန်နဝါရီ ၁၇ ရက်၊ မူဆယ်။
မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် မိုင်းမျိုးအောင်၏ပထမရုံးချိန်းတွင် မူဆယ်ခရိုင် တရားရုံးမှ ဇန်နဝါရီ ၁၇ ရက် ပထမရုံးချိန်းတွင် အမှု ၃ မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။
၂ဝ၁၇ ခု ဒီဇင်ဘာ ၂၁ ရက်၌ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ အပေါင်ဆိုင်(၃)ရှေ့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ် ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရှိရှိပြီး တစ်ဦးသေဆုံးသွားသောအမှုနှင့် ပတ်သက်၍ မိုင်းမျိုးအောင်ကို မသ င်္ကာမှုဖြင့်ဖမ်းဆီးခဲ့ပြီး အမှု ၃ မှုဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက မားနဂါးသတင်းဂျာနယ် သို့ ပြောသည်။
မိုင်းမျိုးအောင်၏ ရှေ့နေဖြစ်သူ ဦးဝင်းမြင့်အောင်က "ဒီနေ့က စွဲချက်တင်လိုက်တာပါ။ ပထမအမှုက ပုဒ်မ ၃ဝ၂၊ ၃ဝ၇၊ ၁၁၄ နဲ့ ခရိုင်ရုံးကို စွဲတင်လိုက်တယ်။ ဒုတိယတစ်မှုက ပို့ကုန်သွင်းကုန် ပုဒ်မ ၈၊ တတိယအမှုက တရားခံပြေးပါတယ် ကျန်တဲ့ နှစ်ဦးကို သီးသန့်စွဲတာပေါ့" ဟု ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။
"ကျနော်တို့က သူ့ရဲ့ညွှန်ကြားချက်ကို ရယူတာပေါ့။ ဖြစ်စဉ်တွေကို မေးမြန်းခဲ့တာပါ။ သူကတော့ အခင်းဖြစ်တဲ့နေရာ မှာ မရှိဘူး။ အရပ်ဝတ်နဲ့သူတွေက လမ်းမှာ ဖမ်းသွားတာပေါ့။ ဒီနေ့က ခရိုင်ရုံးကို စွဲတင်တာပါ။ တရားလိုက မြင့်ဌေး၊ အမှုစစ်က ဒုရဲမှူး အေးမြင့်ပေါ့။ ပို့ကုန်သွင်းကုန်မှာက တရားလိုနဲ့ အမှုစစ်ကလဲ ဒုရဲမှူးအေးမြင့်ဘဲ" ဟု ၎င်းက ဆက် ပြောသည်။
မိုင်းမျိုးအောင်အား စွဲချက်တင်ထားသည့် အမှုများမှာ ပုဒ်မ (၃ဝ၂) လူသတ်မှု၊ ပုဒ်မ (၃ဝ၇) လူသတ်မှုကို အားပေးကူ ညီမှု၊ ပုဒ်မ (၁၁၄) အားပေးကူညီသူ အမှုခင်းဖြစ်ပွားရာနေရာတွင် ရှိနေခြင်း၊ ပို့ကုန်သွင်းကုန် ပုဒ်မ (၈) လိုင်စင်မဲ့ကား တို့ဖြင့် အမှုစွဲဆိုထားခြင်းဖြစ်သည်။
မိုင်းမျိုးအောင်၏ ပထမရုံးချိန်းသို့ နမ္မတူတအာင်းလူငယ်၊ ကွတ်ခိုင်တအာင်းလူငယ်၊ တအာင်းကျောင်းသားနှင့် လူငယ် များအဖွဲ့(TSYU)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)တို့မှ သွားရောက်ခဲ့ကြောင်း TWO ကိုယ်စား သွားရောက်ခဲ့ သူ တစ်ဦးက ပြောသည်။
TWO မှ လွေးပို;လဘားက "သူ(မိုင်းမျိုးအောင်)နဲ့ စကားပြောကြည့်တော့ သူက ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ အခင်းဖြစ်တာကိုလဲ သူမသိဘူး။ အမှုခင်းဖြစ်တဲ့အချိန်မှာလဲ အဲဒီနေရာမှာ သူရှိမနေဘူးဆိုတာတော့ ပြောပြပါတယ်" ဟု ဆိုသည်။
ဇန်နဝါရီ ၁၇ ရက် ရုံးချိန်းတွင် စွဲချက်တင်ပြီး လာမည့် ဒုတိယအကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည်ချိန်း ဆိုထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂ဝ၁၇ ခု ဒီဇင်ဘာ ၂၁ ရက်၌ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ အပေါင်ဆိုင်(၃)ရှေ့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရှိရှိပြီး တစ်ဦးသေဆုံးသွားသောအမှုနှင့် ပတ်သက်၍ မိုင်းမျိုး အောင်ကို မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး အခင်းဖြစ်ပွားချိန်တွင် မည်သူမည်ဝါမသိရသော သေနတ်ပစ်တရားခံ (၃)ဦးထဲမှ မိုင်းမျိုးအောင်အား ထင်မြင်ယူဆရသူတစ်ဦးအဖြစ် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ကြောင်းဟု မူဆယ်ရဲစခန်းမှ စွပ်စွဲ ချက်သည် အမှုအကြောင်းချင်းရာအရ မှားယွင်းနေသည်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါကြောင်း TSYU နှင့် TWO အဖွဲ့မှ ဇန်နဝါရီလ ၂ ရက် ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မိုင်းမျိုးအောင်သည် မန္တလေးရတနာပုံတက္ကသိုလ်မှ B.A(L.L.B)ဘွဲ့ရရှိပြီး ပရဟိတလုပ်ငန်းတွင် စိတ်အားထက်သန်စွာ ဖြင့် ကူညီနေသူတစ်ဦးဖြစ်ပြီး ပြည်သူလူထုများအတွက် နိုင်ငံသားဆိုင်ရာဥပဒေအသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး နောက်ဆက်တွဲပြဿနာဆိုးကျိုး အသိပညာပြန့်ပွားရေးလုပ်ငန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံ တိုင်းရင်း သားလူမျိုးအဖွဲ့အစည်းပေါင်းစုံနှင့် အချိန်ပြည့် လက်တွဲလုပ်ဆောင်လျက်ရှိနေပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ တအာင်းအရပ်ဖက်လူမှုအဖွဲ့အစည်း(TSYU)၊ ၂ဝ၁၇ ခုနှစ် တအာင်းဥပဒေအထောက်အကူပြုအဖွဲ့(TLA)တွင် လူထု အကျိုးပြုလုပ်ငန်းများ ဦးရွက်ဦးဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Photo- Mai Lom Aye | Marnagar
မိုင်းရူကော၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသည့် မိုင်းမျိုးအောင်ကို အမှု ၃ မှုဖြင့် စွဲချက်တင်
Reviewed by THITHTOOLWIN
on
17:02
Rating:
