![]() |
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ကို တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA |
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ယာယီရပ်နားချိန်မှာ သတင်းထောက်အချို့ရဲ့ မေးမြန်းမှုကို ဦးမော်သန်းက ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။
စစ်ဆေးမှုအရ တိုင်းနဲ့ပြည်နယ်အတော်များများမှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ သုံးစွဲထားတာတွေ တွေ့ရှိထားတယ်လို့လည်း ပြောပါတယ်။
တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားတယ်လို့လည်း ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်ဘီလီယံနဲ့ချီပြီး အလွဲသုံးတဲ့ကိစ္စကို စစ်ဆေးတွေ့ရှိပြီးနောက် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ စစ်ဆေးဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မကွေးနဲ့ ဧရာဝတီမှာ ဖံွ့ဖြိုးရေးရန်ပုံငွေသုံးစွဲမှု ကွာဟချက်တွေ တွေ့ရှိ
Reviewed by THITHTOOLWIN
on
20:07
Rating:
