မလိခမြစ်ကြောင်းတလျှောက် တပ်မတော် နယ်မြေရှင်းလင်း

ကချင်ပြည်နယ် မေလိခမြစ်ကို တွေ့ရစဉ်
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ရွာတဝိုက်က မလိခမြစ်ကြောင်းတလျှောက်မှာ တရုတ်နိုင်ငံ သားတွေအပါအဝင် စက်ယန္တရားတွေနဲ့ တရားမဝင်ရွှေ တူးဖော်လုပ်ကိုင်နေကြသူတွေကို ဒီရက်ပိုင်းအတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပါတယ်။

အဲဒီဒေသတဝိုက်မှာ ရွှေတူးဖော်လို့ သဘာဝပတ်ကျင်ထိခိုက်မှု မရှိအောင် တပ်မတော်က နယ်မြေရှင်းလင်းနေ တယ်ဆိုတဲ့အကြောင်း ကြားရတယ်လို့ ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဒွဲ က ဒီကနေ့ ပြောပါတယ်။

ဒီဘဏ္ဍာနှစ်မှာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းတလျှောက် လမ်းတံတားနဲ့ ကျောင်း၊ ဆေးရုံ စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် တပ်မတော် နဲ့ ကေအိုင်အေ တိုက်ပွဲတွေ မဖြစ်အောင် အဲဒီဘက်မှာ လှုပ်ရှားနေတဲ့ တပ်မတော်အရာရှိတချို့ကို အကြောင်းကြားထားတယ်လို့ ဦးဇော်ဒွဲ က ဆိုပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ လက်နက်ကြီးကျရောက်လို့ ရွှေဖောင်နဲ့ စက်သုံးဆီတချို့ မီးလောင်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့နေရာဟာ မလိခမြစ်အနောက် ဘက်ခြမ်းဖြစ်ပြီး အရှေ့ဘက်ခြမ်းမှာ ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၄ နဲ့ တပ်ရင်း ၇ တို့ လှုပ်ရှားနေတာဖြစ်ပါတယ်။

ဆွမ်ပရာဘွမ်ဒေသမှာ ၂၀၁၅ ခုနှစ်က တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဘက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မလိခမြစ်ကြောင်းတလျှောက် တပ်မတော် နယ်မြေရှင်းလင်း မလိခမြစ်ကြောင်းတလျှောက် တပ်မတော် နယ်မြေရှင်းလင်း Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.