စကားများရန်ဖြစ်ရာမှ ကျောက်ခဲဖြင့်ထု၍ သေဆုံးမှုဖြစ်ပွား



နေပြည်တော်၊ ဇန်နဝါရီ ၁၆

ဇန်န၀ါရီလ ၁၅ ရက်နေ့  ညနေ ၃ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ ယမ်းကြုံ ကျေးရွာအနီးရှိ တောင်ယာခင်းတွင် လူနှစ်ဦးစကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

သတင်းအရ လဟယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါကျေးရွာနေ ဝမ်းပန်း(၂၅)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်ယာနွမ်း(၅၀)နှစ်တို့ စကားများ ရန်ဖြစ်စဉ် ဝမ်းပန်း က ကျောက်ခဲဖြင့် ထုခဲ့သောကြောင့် ဒေါ်ယာနွမ်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဝမ်းပန်း အား လဟယ်မြို့မရဲစခန်း (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
စကားများရန်ဖြစ်ရာမှ ကျောက်ခဲဖြင့်ထု၍ သေဆုံးမှုဖြစ်ပွား စကားများရန်ဖြစ်ရာမှ ကျောက်ခဲဖြင့်ထု၍ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.