(၇.၁.၂၀၁၈)ရက်နေ့ ယနေ့ ညနေ(၃:၄၀)အချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) ရဲကင်းရှိ ရဲအုပ်စန်းလွင်မှ ရပ်ကွက်(၄) နယ်မြေ(၅) ပဒုမ္မာလမ်းရှိ (AHIN)ရုံးအတွင်း၌ ဧရာရွှေလီဂိတ်အမည်ပါ ကားတစ်စီးပေါ်တွင် (အမည်မသိ) အမျိုးသားတစ်ဦး သေဆုံးနေပါသဖြင့် ကူညီပေးပါရန် အကြောင်းကြားလာပါသည်။
(AHIN)ရုံးမှ တာဝန်ရှိသူများပြောကြားချက်အရ ရေကန်တောင်တွင် (shock) ဖြစ်နေသည်ကိုတွေ့ရှိပြီး တာဝန်သိပြည်သူတစ်ဦးမှ ရုံးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရုံးသို့ရောက်ရှိချိန်၌ သေဆုံးနေပြီ ဖြစ်ပါသည်။
မြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး ကိုအောင်နိုင်တို့ ရောက်ရှိစစ်ဆေး သေမှုသေခင်း ရယူကာ သေဆုံးသူအား အခင်းဖြစ်ပွားရာနေရာမှ သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်သို့ ထိုမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
သေဆုံးသူမှာ အမည်နေရပ် မသိရှိရသေးပါ။
လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ (လားရှိုးမြို့)
လားရှိုးမြို့ ရေကန်တောင်တွင် ကားတစ်စီးနှင့် (အမည်နေရပ်မသိ) အမျိုးသားတစ်ဦး သေဆုံးနေ
Reviewed by THITHTOOLWIN
on
20:54
Rating:
