ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပါဝင်မည်


တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေပေါင်းစည်းတဲ့ အိုလံပစ်အားကစားအဖွဲ့ ဖွဲ့စည်းဖို့ ပြိုင်ဘက်နှစ်နိုင်ငံ သဘောတူလိုက်ရုံမက တောင်ကိုရီးယားမှာ ရှေ့လကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲ အခမ်းအနားမှာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံက ကိုရီးယားအားကစားသမားတွေ တသင်းတည်းအနေနဲ့ ချီတက်မယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီချက်တွေကို နိုင်ငံတကာအိုလံပစ်ကော်မတီက အတည်ပြု ချက်ရယူဖို့ လိုပါတယ်။ မြောက်ကိုရီးယား နူကလီးယားအစီအစဉ်ကြောင့် နိုင်ငံရေးတင်းမာနေချိန်မှာ အိုလံပစ်ပြိုင်ပွဲအတွင်း နှစ်နိုင်ငံပူးပေါင်းနိုင်ဖို့အတွက် မကြာခင်က စတင်နည်းလမ်းရှာခဲ့ကြပါတယ်။ ဒါဟာ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးရှေးရှုတဲ့ အထင်ရှားဆုံးခြေလှမ်းဖြစ်ပါတယ်။

http://www.cnn.com/2018/01/17
RFA Burmese
https://www.facebook.com/rfaburmese
ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပါဝင်မည် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပါဝင်မည် Reviewed by THITHTOOLWIN on 07:44 Rating: 5
Powered by Blogger.