ရေးမြို့ မြစ်ကမ်းဝဲကမ်းပါးအနီးတွင် လူသတ်မှုဖြစ်

ရေးမြို့ ၌ လူသတ်တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းနေ
ရေး - ဇန်န၀ါရီ ၁၉

မွန်ပြည်နယ် ရေးမြို့  မြစ်ကမ်းဝဲကမ်းပါးအနီးတွင် ဦးဘိတ် မှာ ဇန်နဝါရီ ၁၉ရက်နေ့ မနက်၁ နာရီအချိန်က လှေပေါ်တွင် ဦးခေါင်း ဓားခုတ်ခံရမှုနဲ့ သေဆုံးသွားခဲ့ ပြီး လူသတ်ထွက်ပြေးသွားသည့် တရားခံကိုလည်း ဖမ်းဆီးရမိနိုင်ရေး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေး နေလျက် ရှိပါတယ်။

အသတ်ခံရသူ ချောင်းတောင်ကျေးရွာနေ ဦးဘိတ်အား ရေးမြစ်ဝဲကမ်းပါး ကနေ ချောင်းတောင်ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ သက်သေ တွေက ရေးမြို့ပြည်သူဆေးရုံမှာ တင်ပို့ထားခဲ့ ပါတယ်။

ထွက်ပြေးနေသူ တရားခံကိုလည်းပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေပါတယ်လို မြို့မရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်များနဲ့ ပက်သက်ပြီး ဦးဘိတ် အသတ်ခံရမှုကို ရေးမြို့မ ရဲစခန်းက ဇန်နဝါရီ ၁၉ ရက်နေ့ မနက်က အမှုဖွင့် အရေးယူထား ခဲ့ကြောင်း သိရပါတယ်။

နေမျိုးထွဋ် ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေးမြို့ မြစ်ကမ်းဝဲကမ်းပါးအနီးတွင် လူသတ်မှုဖြစ်  ရေးမြို့  မြစ်ကမ်းဝဲကမ်းပါးအနီးတွင် လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.