မန္တလေးတွင် ယာဉ်(၅)စီး တိုက်ခိုက်မှု ဖြစ်ပွား


မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြောက်ရပ်ကွက်၊(၇၈)လမ်းနဲ့(၄၂)လမ်းထောင့် ခင်စောမူကွေ့မှာ ဇန်န၀ါရီ(၄)ရက် နေ့လယ်(၁)နာရီ မိနစ်(၂၀)ခန့်ကမော်တော်ယာဉ်(၅)စီးတစ်ပြိုင်တည်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ(၇၈)လမ်းအတိုင်း အရှိန်နဲ့ မောင်းနှင်လာတဲ့ Lexus ယာဉ်ဟာ (၇၈)လမ်းနဲ့(၄၂)လမ်းထောင့် မီးပွိုင့်မှာ မီးနီစောင့်ဆိုင်းနေတဲ့ AD Van ရဲ့နောက်ပိုင်းကို ၀င်တိုက်ခဲ့ပါတယ်။

 AD Van ဟာ တစ်ဖက်ယာဉ်ကြောကို ရောက်သွားပြီး (၄၂)လမ်း ဂုံးကျော်ကနေ မိးစိမ်းလို့ထွက်လာတဲ့ Vigo ယာဉ်ဟာ အဲဒီ AD Vanကို ၀င်တိုက်ပြီး ကျော်ထွက်လာခဲ့ပါတယ်။

 တစ်ပြိုင်တည်းမှာပဲ အရှေ့ကနေ အနောက်ကို အလွတ်ယာဉ်ကြောကနေ မောင်းလာတဲ့ Canter ယာဉ်က ရုတ်တရက် ရပ်လိုက်တဲ့အတွက် နောက်က ကပ်လိုက်လာတဲ့ Alphard က Canter ရဲ့နောက်ပိုင်းကို ၀င်တိုက်မိခဲ့ပါတယ်။

တစ်ဖက်ကကျော်ထွက်လာတဲ့ Vigo ယာဉ်ကလည်း lexus နဲ့ Alphard (၂)စီးကြားထဲ ပြုတ်ကျသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကနေသိရပါတယ်။

အဲဒီ ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့သိရပြီး ယာဉ်တိုက်မှုကို အမှတ်(၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို မန္တလေးဗျူရိုက ညွှန့်ဇော် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မန္တလေးတွင် ယာဉ်(၅)စီး တိုက်ခိုက်မှု ဖြစ်ပွား မန္တလေးတွင် ယာဉ်(၅)စီး တိုက်ခိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.