လက်နက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ အမှု စတင်စစ်ဆေးမည်


ဇန်နဝါရီ ၁၇၊

လက်နက်/ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများ အမှု စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

အမှုမှ တရားလိုပြသက်သေများအား ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် စတင်စစ်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့ ရုံးထုတ်စစ်ဆေးမှု၌ ဒက္ခိဏ ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

“ကျင့်ထုံးအရ အမှုစစ်ဆေးတဲ့ နေရာမှာ လွယ်ကူဖို့အတွက်ရယ်၊ အမှုသည်တွေ အမှုကို ဆောင်ရွက်တဲ့ နေရာမှာ အဆင်ပြေချောမွေ့ဖို့အတွက်ရယ်။ အမှုကို ပေါင်းပြီးစစ်တာပါတဲ့။ သူတို့ရဲ့ စွဲတဲ့ စွဲချက်ကြီးကို ပယ်ဖျက်ဖြစ်တာမဟုတ်ပါဘူးတဲ့။ ဒါက ခရိုင်တရားသူကြီးကပြောတဲ့ဟာပေါ့။ ကျင့်ထုံးအရ ဆောင်ရွက်ခြင်း ဖြစ်တယ်တဲ့။ လာမယ့် တချိန်းမှာတော့ ပေါင်းစစ်သင့် မစစ်သင့် အမိန့်ချမယ်။ တရားလိုပြ သက်သေ ၂ ဦးကို လဲ စတင်စစ်ဆေးသွားမယ်လို့ အမိန့်ချခဲ့တယ်”ဟု ဒက္ခိဏခရိုင် ဒုတိယ တရားသူကြီး ဦးခင်မောင်ထွေးက ပြောသည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး အမှုများသည် များပြားသည့်အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများသည် မူး/စိတ် ဥပဒေပုဒ်မ ၁၅/ ၁၆ (ဂ)/ ၂၀၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ လက်နက်အက် ဥပဒေ ၁၉ (က)/ ၁၉ (စ)၊ မူး/စိတ် ဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/ ၂၀၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ပုဒ်မ (၇)ဖြင့်လည်းကောင်း တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့်လည်း တရားစွဲဆိုခံထားရပြီး၊ ဦးဖြိုးကိုကိုတင့်ဆန်းသည် အမှုအားလုံး၌ အပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
ဓာတ်ပုံ-ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar/
လက်နက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ အမှု စတင်စစ်ဆေးမည် လက်နက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ အမှု စတင်စစ်ဆေးမည် Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.