စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


မင်းကင်း ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်း မြို့နယ် မြို့မရဲစခန်းနှင့် (၂)မိုင်ခန့်အကွာ ထန်းငယ်ချောင် ကျေးရွာတွင် ဇန်န၀ါရီလ ၄ရက် ည ၉ နာရီ ၄၅ မိနစ်က စကားများ ရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်ဆန်းဦးသည် ဖုန်းဖြင့် ဘလူး တွဒ်ဘောက်အား ကျယ်လောင်စွာဖွင့်၍ သီချင်း နား ထောင်နေစဉ် အာကာစိုးက ဖုန်းပြောလို၍ အသံ အနည်းငယ်လျှော့ပေးရန်ပြောကြားရာမှ စကားများနေ ကြသဖြင့် ဆန်းလင်းနိုင်က ဝင်ရောက်တားဆီးရာ အောင်ဆန်းဦးနှင့်အောင်ဆန်းလင်းတို့က အရိုးအသွား ခြောက်လက်မခန့်ရှိ အစိမ်းရောင်ကျောက်လှည့်ဖြင့် လိုက်ထိုးသဖြင့် နေအိမ်အောက်သို့ဆင်းပြေး၍ ကူညီ ခဲ့သည်။

 ထိုစဉ် အောင်ဆန်းဦး(၃၄နှစ်) လျှပ်စစ် သွယ်တန်းလုပ်ငန်း(နေ့စား) နယ်မြေ-၁၂ ချမ်းမြေ့ အောင်စည်ရပ်ကွက် ကလေးမြို့နှင့်အောင်ဆန်းလင်း (၃၂နှစ်)လျှပ်စစ်သွယ်တန်းလုပ်ငန်း(နေ့စား) နယ်မြေ-၁၂ ချမ်းမြေ့အောင်စည် ရပ်ကွက်ကလေးမြို့ ညီအစ် ကိုတို့က ကျောက်လှည့်ဖြင့်ထိုးလိုက်ရာ အာကာစိုး (၂၆နှစ်) ကလေးမြောက်ရွာ ကလေးမြို့နယ် လျှပ်စစ် သွယ်တန်းလုပ်ငန်း(နေ့စား)၏ ဝဲဘက်နောက်စေ့မှ ဝဲဘက်နားထင်အထိ ထုတ်ချင်းပေါက်ဒဏ်ရာ တစ်ချက်ဖြင့် ကလေးမြို့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ဆေးကုမှုခံယူနေစဉ် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ တွင် သေဆုံးသွားခဲ့သည်။

 ထို့ကြောင့် (ပ)၁၅/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃ဝ၂သို့ ပြောင်းလဲကာ မင်းကင်းမြို့ မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ချင်းတွင်းသား
The Union Daily
https://www.facebook.com/uniondaily.net
စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.