မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြား
ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။
တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။
5 PLUS NEWS
https://www.facebook.com/5plusnews
မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြား
Reviewed by THITHTOOLWIN
on
18:04
Rating:
