သေဆုံးသူအမျိုးသားနှင့် ပတ်သက်၍ သိရှိပါက ဆက်သွယ်ကူညီ ဆောင်ရွက်ပေးနိုင်ပါရန်

သေဆုံးသူအမျိုးသားနှင့် ပတ်သက်၍ သိရှိပါက ဆက်သွယ်ကူညီ ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း
ရန်ကုန်၊ ဇန်န၀ါရီ ၁၆

ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ န၀ဒေဘောလုံးကွင်းအတွင်းရှိ ဆောက်လက်စပွဲကြည့်စင် (၃)လွှာမှ အမည် မသိအမျိုးသားတစ်ဦး ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။


ယင်းသို့ သွားရောက်၍ အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၄၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနေရာအနီး၌ ရှိနေသူများ၏ ပြောကြားချက်အရ နံနက် ၁၀၃၀ အချိန်ခန့်တွင် ဆောက်လက်စဒုတိယထပ်လှေကားဘေးရှိ ငြမ်းစင်များလှုပ်ခတ်သွား
သဖြင့် သွားရောက်ကြည့်ရှုစဉ် အဆိုပါ အမျိုးသားမှာ တိုက်အောက်ကြမ်းပြင်၌ ဘေးစောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရှိရပြီး သေဆုံးသူအား စစ်ဆေးရာ ၀ဲချိုစောင်းပွန်းပဲ့၊ ယာလက်မောင်းရင်းပြုတ်၊ ၀မ်းဗိုက်ပွန်းပဲ့၊ ဦးခေါင်းကွဲ၊ ၀ဲ/ယာခြေထောက်များ ပွန်ပဲ့ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။

ယင်းသို့ သေဆုံးနေသူ ဓာတ်ပုံရှင်အမျိုးသားနှင့်ပတ်သက်၍ သိရှိပါက ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199၊ ၀၁-၂၃၂၃၁၉၉
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၃၇၆၁၆၆
မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၁-၆၆၀၉၈၀
မရမ်းကုန်းမြို့မရဲစခန်း ၀၁-၆၆၀၃၅၂

Yangon Police
https://www.facebook.com/yangonpolice
သေဆုံးသူအမျိုးသားနှင့် ပတ်သက်၍ သိရှိပါက ဆက်သွယ်ကူညီ ဆောင်ရွက်ပေးနိုင်ပါရန် သေဆုံးသူအမျိုးသားနှင့် ပတ်သက်၍ သိရှိပါက ဆက်သွယ်ကူညီ ဆောင်ရွက်ပေးနိုင်ပါရန် Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.