မိုးညှင်းမြို့ တွင် (၁၀)တန်းကျောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွါး


မိုးညှင်း - ဇန်နဝါရီ ၂၀

ကချ င်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်နေ (၁၀)တန်းကျောင်းသူတစ်ဦး  ကြိုးဆွဲ
ချ သေဆုံးသွားခဲ့သဖြင့် ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေ (၃)နာရီအချိ န်တွင် မိုးညှင်းမြို့ မရဲစခန်းမှသေမှု သေခင်းရေးဖွင့် ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုအား စစ်ဆေးပေါ်ပေါက်ချက်အရ မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက် အိမ်အမှတ်(၃/၅၁)တွင် နေထိုင်သူ မယဉ်ရူပါစိုးသည် နေအိမ်ကြမ်းပြင်တွင် ပက်လက်အနေအထားတွေ့ ရပြီးမျ က်စေ့ပြူး သားရည်ထွက်၊ သေးများထွက်ကာ လည်ပင်းတွင်ကြိုးရာတွေ့ ရှိကာ သေဆုံးနေသည်ကို တွေ့ ရှိရသည်။

သေဆုံးသူ မယဉ်ရူပါစိုးနှင့် အတု နေပြီး အဖွါးဖြစ်သူဒေါ်ခင်သောင်း၏ ဟြေကြားချ က်အရ
မယဉ်ရူပါစိုးသည် အမှတ်(--)အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း၌ ပညာသင်
ကြားနေပြီး မိဘများနှင့် အဆက်အသွယ်ပြတ်နေသည့်အပြင် ဆင်းရဲနွမ်းပါးသဖြင့် စိတ်ဓါတ်ကျ
ဆင်းနေသူဖြစ်ကြောင်း သိရသည်။

 အခင်းဖြစ်ပွါးသည့်နေ့  နံနက်(၈)နာရီအချိ န်တွင်ဒေါ်ခင်သောင်းမှ မိုးညှင်းမြို့ ရှောင်လမ်းအနီးသက်ကယ်ရိတ်သွားပြီး နေ့ လယ်(၁၂)နာရီခွဲအချိ န်တွင် နေအိမ်သို့ ပြန်လာခဲ့ရာ မယဉ်ရူပါစိုးသည် ထိုင်လျ က် ၎င်း၏ရှေ့ ရှိသေတ္တာပေါ်မှောက်လျ က်တွေ့ ရ၍ သင်္ကာမကင်းဖြစ်ကာ ဆွဲလှန်လိုက်ရာ လည်ပင်းတွင်ကြိုးကွင်းသွပ်လျ က်သေဆုံးနေသည်ကိုတွေ့ ရှိရကြောင်း ဟြေကြားခဲ့သည်။

စစ်ဆေးတွေ့ ရှိချ က်အရ ကြိုးစတဖက်မှာ ပြတ်ထားသည့် အနေအထားတွေ့ ရ၍ စုံစမ်းမှု
ပြု ခဲ့ရာ မယဉ်ရူပါစိုးသေဆုံးသည့် နေရာအထက်အမြင့်(၇)ပေခန့် ရှိ (၆"×၃")ပျ ဉ်တန်းပေါ်တွင်
ကြိုးချ ည်ထားသည့် အရာများတွေ့ ရပြီး အဆိုပါ ထုတ်တန်းတွင် ကြိုးဆွဲချ ရာမှ ခန္ဓာကိုယ်အ
လေးချိ န်အား မနို င်၍ကြိုးပြတ်ကျ ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပေသည်။

ထို့ ကြောင့်ရဲအုပ်ညွန့် လှို င်နှင့်အဖွဲ့ သည် သေဆုံးသူမယဉ်ရူပါစိုး၏ အလောင်းအားရင်ခွဲ
ရုံသို့ ပို့ ဆောင်ပြီး သက်သေခံပစ္စည်းဖြစ်သော အရှည်(၆)ပေခန့် ရှိ(၄)ပင်လိမ်ပလပ်စတစ်ကြိုး
အသေးတို့ အားသိမ်းဆည်းခဲ့ကြပြီး ဒုရဲအုပ်တင်ဝင်းမှ တရားလိုပြု လုပ်အမှု ဖွင့်လှစ်ခဲ့သည်။

ထို့ ကြောင့်မယဉ်ရူပါစိုး(၁၆)နှစ်(ဘ)ဦးချစ်ဆန်း အိမ်အမှတ်(၃/၅၁) အောင်သပြေ(၃)ရပ်ကွက်မိုးညှင်းမြို့ နေထိုင်သူသေဆုံးမှုအား မိုးညှင်းမြို့ မရဲစခန်းမှသေမှု သေခင်းအမှတ်စဉ်(--/၂၀၁၈)ဖြင့်ရေးဖွင့် ထားခဲ့ကြောင်းသိရှိရပါသည်။

မင်္ဂလာဦး
မိုးညှင်းမြို့ တွင် (၁၀)တန်းကျောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွါး မိုးညှင်းမြို့ တွင် (၁၀)တန်းကျောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွါး Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.