အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာတပ်မတော်မှ သူပုန်ဟု ထင်မှားကာ ပစ်ခတ်မှုကြောင့် မီဇိုးရမ်အရပ်သားတစ်ဦး ထိမှန်


ခိုနှုမ်းသုန်သတင်း။ ၁၅ ဇန်နဝါရီ ၂၀၁၈။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Sabualtlang ကျေးရွာသား အသက် ၆၇ နှစ်အရွယ် Monondo ဆိုသူအား မြန်မာတပ်မတော်မှ လက်နက်ကိုင်အဖွဲ့ဟု ထင်မှားပြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမှာ ဇန်နဝါရီ ၁၂ ရက်နေ့ညတွင် Monondo နှင့် သူ၏ ဇနီးသည် Banati တို့ အိန္ဒိယ-မြန်မာနယ်စပ် Sih ချောင်းတွင် Anchiri ရှာဖွေနေသည့်အချိန်မှာ မြန်မာတပ်မတော်များရောက်လာပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟု ထင်မှားပြီး ပစ်ခတ်လိုက်ခြင်းဖြစ် ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါ ပစ်ခတ်တိုက်ခတ်မှုကြောင့် ပေါင် နှင့် ဒူး ထိမှန်ပြီး တဖက်မှ ပြန်လည်ပစ်ခတ်မှုမရှိဘဲ အော်ဟစ်သံများသာကြားရသောကြောင့် မြန်မာတပ်မတော်မှ အခြေအနေသွားရောက်ကြည့်ရှုကာ အရပ်သားဖြစ်နေကြောင်း သိရပြီး ဆေးဝါး၊ ရိက္ခာ နှင့် ဓာတ်မီးပေးပြီး ဒီအတိုင်း ပစ်ထားခဲ့ကာ ထွက်သွားကြတယ်လို့ ဇနီးသည် Banati က ပြောဆိုသည်။

၎င်းသတင်းကို ကြားသော Sabualtlang ကျေးရွာရှိ YLA အဖွဲ့မှာသွားရောက်ကာ ညတွင်းချင်း လူနာကို ရွာအထိထမ်းခေါ်လာကြပြီး Tuithumhnar စခန်းတွင်ရှိသော အာသန်ရိုင်ဖယ် နှင့် Bungtlang ‘S’ ရဲများက ထိခိုက်ဒဏ်ရာရရှိသူ Monondo ကို လောင်တလိုင် ဆေးရုံတွင် ပို့ဆောင်ခဲ့ကြကြောင်း နှင့် အသက်အန္တရယ် စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာတပ်မတော်မှ သူပုန်ဟု ထင်မှားကာ ပစ်ခတ်မှုကြောင့် မီဇိုးရမ်အရပ်သားတစ်ဦး ထိမှန် အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာတပ်မတော်မှ သူပုန်ဟု ထင်မှားကာ ပစ်ခတ်မှုကြောင့် မီဇိုးရမ်အရပ်သားတစ်ဦး ထိမှန် Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.