မောင်တောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ခန့် ဖမ်းဆီးရမိ


မောင်တော ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲက မောင်နီ အလယ်ရွာ ကျေးရွာနေ ဟာဆောင်း(၄၂နှစ်)၏ နေအိမ်အား မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ  စိတ်ကြွရူးသွပ်ဆေးပြား ခန့်မှန်းအရေအတွက် ၁၂၅ဝဝဝဝ ကျော်ခန့် (ရေတွက် ဆဲ) ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ခန့်မှန်းကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ကို တွေ့ရှိရသည်။

အိမ်ရှင် ဟာဆောင်း မှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားပြီး နေအိမ်ခြံဝင်းအတွင်းတွင် ဒေါ်ရာဘီယာ ခါတူ (၅ဝနှစ်)နှင့် မာမတ်အီနုစ်(၂၂နှစ်) တို့ကို တွေ့ရှိရသည်။ နေအိမ်ခြံဝင်းအတွင်း မြေသားများတင်၍ ရပ်ထားသည့် ထော်လာဂျီကို ရှာဖွေစစ်ဆေးခဲ့ရာ မြေသား များဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ခုနစ်အိတ် တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ခန့်မှန်းအရေအတွက် ၁၂၅ဝဝဝဝ ကျော်ခန့် (ရေတွက် ဆဲ) ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ခန့်မှန်းကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ကို တွေ့ရှိခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိပါသည်။

သစ်ထူးလွင်

မောင်တောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ခန့် ဖမ်းဆီးရမိ မောင်တောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ခန့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.