နေပြည်တော်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းအတွင်း၌ မီးလောင်မှု ဖြစ်ပွား


နေပြည်​​တော်​၊ ဇန်​န၀ါရီ ၂၅။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်စု၊ ကျည်ထောင်ကျေးရွာအနီးရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဝင်းအတွင်း၌ ဇန်န၀ါရီလ ၂၅ ရက်နေ့ ည​နေ ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ၆ ခန်းတွဲ ၀န်ထမ်းအိမ်ရာ လိုင်းခန်း တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကို မီးသတ်ကား ၅ စီးနှင့် ရေသယ်ယဉ် ၄ စီးတို့က မီးငြိမ်းသတ်ခဲ့ရပြီး မီးပေါ့ဆစွာသုံးစွဲသူအား သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
နေပြည်တော်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းအတွင်း၌ မီးလောင်မှု ဖြစ်ပွား နေပြည်တော်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းအတွင်း၌ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.