ဘားအံမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီ၂ ဦး ဖမ်းဆီးရမိ


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ၀၁၀၀ အချိန် ဘားအံမြို့နယ်၊ သံလွင်တံတား၌ လုံခြုံရေးနှင့် စစ်ဆေးရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လဝကအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်များစစ်ဆေးစဉ် ဘားအံမှ သထုံသို့ တင်စိုးနိုင် မောင်းနှင်သည့် 3N/ xxxx "အောင်စစ်သည်" ခရီးသည်တင်မှန်လုံယာဉ် ပေါ်မှ ရှိတ်အာမက်(ခ)ကျော်သိန်း(၂၇)နှစ်နှင့် အာမင်(ခ)လှမောင် ဆိုသူ ဘင်္ဂါလီ ၂ ဦးအားတွေ့ရှိရ၍ မြို့နယ်လဝက ဦးစီးအရာရှိ ဦးကျော်နိုင်ထံ အပ်နှံခဲ့ပါသည်။

အဆိုပါ ရှိတ်အာမက်(ခ)ကျော်သိန်းနှင့် အာမင်(ခ)လှမောင်တို့  ၂ ဦးအား စစ်မေးရာ မလေးရှား နိုင်ငံသို့ တရား မဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၀၈၁၅ အချိန်တွင် မြို့နယ် လဝက ဦးစီးအရာရှိ ဦးကျော်နိုင်မှ တိုင်တန်း၍ ရှိတ်အာမက် (ခ)ကျော်သိန်းနှင့် အာမင်(ခ)လှမောင် တို့ ၂ ဦး (ဖမ်းမိ)အား ဘားအံမြို့မရဲစခန်း (ပ)၃၆/၂၀၁၈ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဘားအံမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီ၂ ဦး ဖမ်းဆီးရမိ ဘားအံမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီ၂ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:01 Rating: 5
Powered by Blogger.