အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့်(၁၁၆)ဦးသေဆုံးခဲ့


(၂၀၁၇)ခုနှစ် ဇန်နဝါရီ(၁)ရက်ကနေ ဒီဇင်ဘာ(၃၁)ရက်အထိ ပြီးခဲ့တဲ့နှစ် တစ်နှစ်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေးမှာ ယာဉ်မတော်တဆမှုပေါင်း (၅၅၅)ကြိမ်ခန့်ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းအရသိရပါတယ်။

(၂၀၁၇)ခုနှစ် တစ်နှစ်တာအတွင်း အမြန်လမ်းမကြီးပေါ်ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့သူနဲ့ လမ်းအသုံးပြုသူ (၁၁၆)ဦးသေဆုံးခဲ့ပြီး (၈၆၃)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်းမှာတင်ယာဉ်မတော်တဆမှု(၁၃၃)မှုထိရှိခဲ့တယ်လို့ စာရင်းတွေမှာဖော်ပြထားပါတယ်။

(၂၀၁၆)ခုနှစ်မှာတော့ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု(၇၄၄)ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၁၇၀)ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၃၀၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။အမြန်လမ်းမကြီး ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေမှာယာဉ်မောင်းအိပ်ငိုက်မှု၊ယာဉ်ချို့ယွင်းမှု၊သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်းမှု ၊ စည်းကမ်းမဲ့လမ်းဖြတ်ကူးမှု လမ်းမကြီးရဲ့ လမ်းဘေးဝဲယာမှာ တိရစ္ဆာန်တွေစည်းကမ်းမဲ့လွှတ်ကျောင်းမူ ဆိုင်ကယ်တွေတက်ရောက်မောင်းနှင်းမှု စတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အနေနဲ့လည်း ယာဉ်မောင်းတွေကို ပညာပေးဟောပြောစည်းရုံးခြင်း လက်ကမ်းစာစောင်တွေဖြန့်ဝေခြင်း စည်းကမ်းမဲ့ယာဉ်တွေကို ရုံးတင်တရားစွဲဆိုခြင်း ယာဉ်အမျိုးအစားအလိုက်မိုင်နှုန်းတွေသတ်မှတ်ခြင်း လမ်းမကြီးဘေးတစ်လျှောက်ရှိ ကျေးရွာတွေကို ကွင်းဆင်း ပညာပေးဟောပြောတာတွေကို အားစဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့ထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့်(၁၁၆)ဦးသေဆုံးခဲ့ အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့်(၁၁၆)ဦးသေဆုံးခဲ့ Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.