ကလေးဝ- မင်းကင်းကားလမ်းတွင် ကားရှေ့ဘီးပေါက်၍ ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်


မင်းကင်း - ဇန်န၀ါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့မှ မင်းကင်းမြို့သို့ မောင်းနှင်လာသည့် ပါကျဲဒိုး ယာဉ်တစ်စီးသည် ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီအချိန်ခန့်က ကလေးဝ- မင်းကင်းကားလမ်းမိုင်တိုင် အမှတ် ၇၆/ ၇၇ ကြားတွင် ကားရှေ့ဘီးပေါက်၍ လမ်းယာဘက်ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်မှုဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးဝမြို့မှ မင်းကင်းမြို့သို့ မောင်မြင့်ဆွေ(၄၅ နှစ်)မောင်းနှင်လာသည့် YGN/ 7E- 1075 ပါကျဲဒိုး(အပြာ/ခဲရောင်)ကြားယာဉ်အား မင်းကင်းမြို့နယ် မြို့မကျေးရွာမှ ဒေါ်စန်းစန်းမြင့်(၃၆ နှစ်) (ဘ)ဦးဟန်သာ ကျောင်းဆရာမ(အ.မ.က)အံ့စရာကျေးရွာနှင့် ၄င်း၏သမီးဖြစ်သူ မရွှန်းလဲ့ဟန်သာ(၃ နှစ်) တို့သည် လမ်းကြုံ၍စီးနင်းလိုက်ပါလာခဲ့ကြပြီး ကလေးဝ- မင်းကင်းကားလမ်းမိုင်တိုင်အမှတ် ၇၆/၇၇ ကြား အရောက်တွင် ကားရှေ့ဘီးပေါက်၍ လမ်းယာဘက်ပေ ၁၅၀ ခန့်ရှိချောက်ထဲသို့ပြုတ်ကျတိမ်းမှောက်မှုဖြစ် ပွားခဲ့သည်။


အဆိုပါကားတိမ်းမှောက်မှုနှင့်ပတ်သက်၍ ဒေါ်စန်းစန်းမြင့်မှာ ခါးနာကျင်ဒဏ်ရာဝဲဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာရ(စိုးရိမ်ရ)ပြီး သမီးဖြစ်သူ မရွှန်းလဲ့ဟန်သာမှာ ယာဘက်ပါးပွန်းပဲ့ဒဏ်ရာနှင့် ယာဘက်မှေးပွန်း ပဲ့ဒဏ်ရာရ(မစိုးရိမ်ရ)ရှိခဲ့ရာ ယာဉ်မောင်းမှာ မည်သည့်ဒဏ်ရာမျှရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ရဲစခန်းမှ ယာဉ်မောင်းဖြစ်သူ မောင်မြင့်ဆွေအား (ပ) ၁/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

IPRD (ကလေးမြို့ )
ကလေးဝ- မင်းကင်းကားလမ်းတွင် ကားရှေ့ဘီးပေါက်၍ ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက် ကလေးဝ- မင်းကင်းကားလမ်းတွင် ကားရှေ့ဘီးပေါက်၍ ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက် Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.