မောင်တောမြောက်ပိုင်းတွင် စစ်တပ်ကားတစ်စီးဆွဲမိုင်းမိ ၊ အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ်လျက်ရှိ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မောင်တော-တောင်ပြိုလမ်းပေါ်ရှိ ကျွန်းပေါက်ပြုစူးရွာအနီးတွင် ဇန်န၀ါရီလ ၅ ရက်နေ့ ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က GE စစ်တပ်ကားတစ်စီး ဆွဲမိုင်းမိပြီး (၄)ဦးဒဏ်ရာရရှိကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

လက်ရှိမှာ တရိန်းကျေးရွာအနီးတွင် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်း တရိန်းကျေးရွာသားတစ်ဦးက ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က DMG ကို ပြောသည်။

" ဟုတ်ပါတယ် အကြမ်းဖက်သမားတွေက ခြုံခိုတိုက်ခိုက်တာပါ။ (၄)ဦးဒဏ်ရာရပါတယ်၊ တစ်ဦး ပြင်းထန်ပါတယ်။ အခု ဒဏ်ရာရသူတွေ တရိန်းရခိုင်ရွာကိုရောက်ပြီး ဆေးကုသမှုခံယူနေပါတယ်။ အနောက်ဖက်ကားလမ်း (၁)မိုင် ခန့်အကွာ စစ်တပ် GE တပ်ကား ဆွဲမိုင်းထိမှန်တာပါ။ အပြန်အလှန်ပစ်ခတ်မှုတွေ အခုထိဖြစ်နေပါတယ် " ဟု အဆိုပါ တရိန်းကျေးရွာသားက ဆိုသည်။

ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ