အင်ဒိုနီးရှားသမ္မတ Joko Widodo ကို Facebook လူမှုကွန်ရက်ကနေ ပုတ်ခတ် စော်ကားတဲ့စာတွေ ရေးသားမှုနဲ့ ဆူမားတြားကျွန်းက ၁၈ နှစ်ရွယ် MFB လို့ အတိုကောက်ခေါ်တဲ့ ဆယ်ကျော်သက်ရွယ် ကျောင်းသားတဦးကို တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။
အွန်လိုင်းကနေ အသရေဖျက်စာနဲ့ ကြမ်းတမ်းတဲ့ထင်မြင်ချက်တွေရေးသားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံက ပြဌာန်းထားတဲ့ အင်တာနက်ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၇၀၀ ပေးဆောင်ဖို့ တရားသူကြီးက အမိန့်ချမှတ်ပါတယ်။ ဒဏ်ငွေမဆောင်ရင် နောက်ထပ် ထောင်ဒဏ်တလ ကျခံရမယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ ပေးတဲ့ပြစ်ဒဏ်ကို ဆယ်ကျော်သက်ကျောင်းသားက လက်သင့်ခံပြီး အယူခံ မ၀င်ဘူးလို့ ဆိုပါတယ်။
သူ့ကိုလာဖမ်းလို့ ရဲကို အံတုစာတွေ ရေးခဲ့တဲ့တယ်လို့လဲ ဆိုပါတယ်။ Facebook မှာ နာမည်တုတွေ အမျိုးမျိုးစာရင်းဖွင့်ပြီး အင်ဒိုနီးရှားသမ္မတနဲ့ ရဲချုပ်တို့ကို ဆန့်ကျင်စာတွေ ရေးသားပြီးတဲ့နောက် သူ့ကို မနှစ်က သြဂုတ်လမှာ ဖမ်းဆီးခဲ့ပါတယ်။
http://www.straitstimes.com/
RFA Burmese
https://www.facebook.com/rfaburmese/
သမ္မတကို ဖေ့စ်ဘွတ်ကနေ ပုတ်ခတ်ရေးသားသူ ထောင်ဒဏ်စီရင်ခံရ
Reviewed by THITHTOOLWIN
on
08:33
Rating:
