၂၀၁၄ ခုနှစ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ဒေသခံတွေ၊ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ရဲတပ်ဖွဲ့ကပစ်ခတ်တာကြောင့် ဦးခေါင်းကိုသေနတ်ထိမှန် ပြီးသေဆုံးခဲ့ ဒေါ်ခင်ဝင်းအမှုကိုဆက်လက်စုံစမ်းစစ်ဆေးပေးဖို့ ရှေ့နေများကွန်ရက်က ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို တင်ထားတဲ့စာချွန်လွှာကို ပယ်ချလိုက်ပါတယ်။
ရဲကအမှုပိတ်သိမ်းခဲ့တာကို မှန်သယောင်အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာလို့သိရကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းကပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေဆုံးရသူ ဒေါ်ခင်ဝင်း အမှုနဲ့ပတ်သက်ပြီး ဆားလင်းကြီး မြို့နယ်တရားရုံးက သေနတ်ထိမှန်သေဆုံးကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက် ဆားလင်း ကြီး မြို့မရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။
တနှစ်ကျော်ကြာသည် အထိ တစုံတရာမထူးခြားတဲ့အတွက် ရှေ့နေများကွန်ယက်ကသွား ရောက်မေးမြန်းရာမှာ ခရိုင်ဥပဒေအရာရှိ ရုံးးနဲ့ခရိုင်ရဲမှူးတို့က အမှုပိတ်ဖို့ညွှန်ကြားချက်ပေးတဲ့အတွက် ရဲကအမှုကိုပိတ်သိမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်အမှုကိုဆက်လက်စစ်ဆေးပေးဖို့ ရှေ့နေများကွန်ရက် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီစာချွန်လွှာကိုပယ်ချကြောင်း အမိန့်ချခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆုံးဖြတ်တာဟာ ပြည်သူကိုနစ်နာစေတယ်လို့ ရှေ့နေကြီးဦးအောင်သိန်းကပြောပါတယ်။
ဒေါ်ခင်ဝင်းဟာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဒေါ်ခင်ဝင်း အမှု တရားလွှတ်တော်ချုပ်ပယ်ချ
Reviewed by THITHTOOLWIN
on
08:16
Rating:
