![]() |
နေပြည်တော် ဒက္ခိဏခရိုင်၊ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးကို ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်/ Photo: Win Ko Ko Latt/ RFA |
နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်တဲ့ လူ ၈ ဦးကို ရုံးထုတ်စစ်ဆေးအပြီး ဒက္ခိဏခရိုင်၊ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက အခုလိုပြောခဲ့ပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းကို သွင်းကုန်ထုတ်ကုန်ဥပဒေအပြင် လယ်ဝေးနဲ့ ဒက္ခိဏသီရိရဲစခန်းတို့က ဆက်သွယ်ရေးဥပဒေတွေနဲ့ ထပ်မံတရားစွဲဆိုတာ ဖြစ်တဲ့အတွက် သူပါဝင်ပတ်သက်တဲ့ အမှုတွေ ဟာဆိုရင် ၈ ခု အထိ ရှိလာတာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အမျိုးသား ၃ ဦးကို နေပြည်တော်လေဆိပ်မှာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုတွေကို အပတ်စဉ် ဗုဒဟူးနေ့တိုင်း ရုံးချိန်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဦးဖြိုးကိုကိုတင့်ဆန်း ကို ရုံးထုတ်
Reviewed by THITHTOOLWIN
on
19:07
Rating:
