ဆီဘောက်ဆာဆိုက်တွဲ (၂၂)ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူသေဆုံး
အင်းတော် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင် ဇန်နဝါရီ ၇ ရက်ညနေ၅နာရီခန့်က ဆီဘောက်ဆာဆိုက်တွဲ (၂၂)ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ရာဆိုင်ကယ်မောင်းသူသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ရက် ညနေ၅နာရီခန့်က မော်လူးနယ်မြေရဲစခန်းမှ ရဲအုပ်မင်းသိန်းထွန်း သည်ယာဉ်တိုက်မှုသတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရွှေဘို-မြစ်ကြီးနားကားလမ်းအတိုင်း မြောက်မှတောင်သို့ ဌေးဝင်း ၄၃နှစ် (ဘ)ဦးသိန်းရွှေ မြေစာရင်းဦးစီးဌာန အောင်ဇေယျ ရပ်ကွက် အင်းတော်မြို့နေသူ မောင်းနှင်ပြီး ဦးကျော်အောင် နောက်ထိုင်လိုက်ပါလာသာ FEKON 125 ဆိုင်ကယ်သည် ကားလမ်း မိုင်တိုင်အမှတ် ၁၅၇/ဝ-၁ အကြားတွင်ရှေ့မှ ကုန်တင်ယာဉ်အား ဝဲဘက်မှကျော်တက်မောင်း နှင်စဉ် တောင်ဘက်မှ ယာဉ်မောင်း မျိုးသူ မောင်းနှင် လာသော ယာဉ်အမှတ် 4N/9468 (၂၂)ဘီး ဆီသယ်ဘောက်ဆာတွဲယာဉ်၏ တစ်ဖက်ယာဉ်ကြောဘက် သို့ လမ်းမှားဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူဌေးဝင်းတွင် ဦးခေါင်းနောက် အုပ်ဆက် အက်ကွဲဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာ ညာလက်ဖမိုးပွန်းပဲ့ဒဏ်ရာ ဝဲနှင့်ယာခြေဖမိုး တို့တွင်ပွန်းပဲ့ဒဏ်ရာများဖြင့်နေရာတွင် သေဆုံးခဲ့သည်။
ဆိုင်ကယ်နောက်မှ လိုက်ပါသူ ဦးကျော်အောင်တွင် ဝဲခြေမပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ညာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့သော ကြောင့် ယာဉ်လမ်းကြောင်းမှားယွင်း စွာမောင်းနှင် သူဌေးဝင်း(သေဆုံး)အား မော်လူးနယ်မြေရဲစခန်းမှ အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆီဘောက်ဆာဆိုက်တွဲ (၂၂)ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူသေဆုံး
Reviewed by THITHTOOLWIN
on
19:00
Rating:
