မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် လင်ဘန်းအုပ်စု သရက်စမ်းကျေးရွာမှာ ဇန်န၀ါရီ(၈)ရက် ညပိုင်းက အရက်အတူသောက်ရာက စကားများကာ ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ သရက်စမ်းကျေးရွာတစ်ရွာထဲနေ ဦးတင်ထွေးဆိုသူနဲ့ စိုးနောင်ဆိုသူတို့ အရက်အတူသောက်ကြရင်း စကားနိုင်လုပြောဆိုရာက စကားများကာ ဦးတင်ထွေးကို စိုးနောင်က ဓားနဲ့ ခုတ်သတ်တာဖြစ်တယ်လို့ သိရပါတယ်။
ပြဿနာဖြစ်ပွားချိန်မှာ ၀င်ရောက်တားမြစ်ခဲ့တဲ့ သေဆုံးသူရဲ့ ဇနီးဖြစ်သူဟာလည်း နောက်ကျောဘက်မှာ ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက သေဆုံးသူကို မြို့နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ဓားနဲ့ခုတ်ခဲ့သူကို ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၀၂နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို အောင်ကျော်သူ ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
အရက်အတူသောက်ပြီး စကားများရာက လူသတ်မှုဖြစ်
Reviewed by THITHTOOLWIN
on
17:22
Rating:
